27🖤

1K 57 11
                                    

#unicode

"မောင်... အာကာ့ကိုစိတ်ဆိုးမနေပါနဲ့တော့ အာကာကစနောက်ရုံပါမောင်ရာ"

မနေ့ကအာကာပြန်သွားပြီးကတည်းက စိတ်ကောက်နေခဲ့တဲ့ရှိန်းကို ဆက်မှာရယ်လဲရယ်ချင်နဲ့ ချော့နေရသည် အခုအလုပ်သွားခါနီးကိုအကြိမ်ကြိမ်မှာနေရသည် အာကာ့ကို အပြစ်ပေးချင်တာနဲ့အလုပ်တွေဖိမခိုင်းဖို့လေ အဲ့ကလေးလဲတကယ်ဆိုသနားစရာပါ ရှိန်းစိတ်ဆိုးသမျှဒဏ်ကိုလဲသူပဲခေါင်းခံရတယ် ရှိန်းဒေါသထွက်လာလို့မဲပြီဆိုလဲ ဘာမှပြန်မပြောနိုင်ဘဲ ခေါင်းငုံ့ခံရတယ်

ဆက် ရှိန်းကို နက်ခ်တိုင်စီးပေးလိုက်သည်

"မောင် ဆက်ပြောတာကြားလားလို့ အဲ့ကလေးကိုအနိုင်ကျင့်မနေနဲ့တော့"

"ဆက်ကဘာလို့သူ့ဘက်ကလိုက်ပြောနေရတာတုန်း"

"မောင်ရာ ဆက်ကလိုက်ပြောနေတာမဟုတ်ပါဘူး ဒါပေမယ့်မောင့်အကြောင်းသိလို့ ပြောနေရတာလေ အာကာ့ကိုမောင်နိုင်တာ ဆက်သိတယ်နော်"

"မောင်ကနိုင်တယ်တဲ့လား သူအမှားမလုပ်သရွေ့ မောင်လဲပြောနေစရာမလိုဘူး ရာရာစစကိုယ့်သူဌေးရဲ့လူကိုမှ လာဖက်ရတယ်လို့ တောက်စ်!"

"မောင်! တော်ပါတော့လို့"

ဆက်သံရှည်ဆွဲကာပြောလိုက်သည်

"နော် နေ့လည်ပြန်လာခဲ့ မောင့်အတွက်အရသာရှိတာတွေချက်ပေးထားမယ် အဲ့အစားရုံးမှာ အာကာ့ကိုမဆူနဲ့တော့နော်"

"မောင်.!"

ဆက် ရှိန်းလည်တိုင်ကိုသိုင်းဖက်ရင်း နှုတ်ခမ်းတို့ကိုညင်ညင်သာသာနမ်းလိုက်သည်

ရှိန်း ကုတ်ထားသောမျက်ခုံးတို့ပြေလျော့သွားကာ ရှိန်းခါးလေးကိုပြန်ဖက်လိုက်ပြီး အနမ်းတို့ကိုတုန့်ပြန်လိုက်သည်

"နော်? စိတ်မဆိုးနဲ့တော့နော်"

ရှိန်းသက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းချလိုက်ပြီး ဆက်ကိုခေါင်းငြှိမ့်ပြလာသည်

"ရုံးကိုမလိုက်တော့ဘူးဆိုတာ တကယ်လား"

"အင်း ဆက်မလိုက‌်တော့ဘူး မောင် ဆက်လိုက်လဲဆက်တကယ်ဘာမှမှလုပ်စရာမရှိဘဲ"

ချစ်တယ်မောင်🖤Where stories live. Discover now