#unicode
"ဆက်! ဆက်!"
ဘယ်ရောက်သွားပြန်တာလဲဆက် အရင်ကဆိုမောင်နိုးပြီဆိုတာနဲ့ ဘေးမှာရှိနေကျ အခုတော့ဘယ်ရောက်နေပြန်တာလဲကွာ!
"ဆက်! အား!"
ကိုက်ခဲလာတဲ့ခေါင်းကိုတစ်ချက်ဖိလိုက်မိပြီး ရေချိုးခန်းထဲဝင်ကာသန့်စင်ပြီးမှ အဝတ်အစားလဲကာ အောက်ဆင်းလာလိုက်သည်
"ဒေါ်နှင်း! ဒေါ်နှင်း!"
"သခင်လေးဘာခိုင်းစရာရှိလို့လဲ?"
အပြေးရောက်လာတဲ့ဒေါ်နှင်းကို ရှိန်းမေးငေါ့ပြကာမေးလိုက်သည်
"ဆက်ရော?"
"သားဆက်က အလုပ်သွားပြီသား အချိန်ပဲဆယ်နာရီရှိနေပြီလေ သခင်လေးရယ်"
"ကျစ်! တကယ်ပဲမောင့်ကိုပစ်ထားတာပဲ!"
ရှိန်းခပ်တိုးတိုးရေရွတ်လိုက်ပြီးစုတ်သပ်လေသည်
"ဟို သခင်လေးအတွက် သားဆက်ကဟင်းပွဲတွေပြင်ဆင်ပေးသွားတယ် အလုပ်မသွားခင်သေချာစားသွားပါတဲ့ ဒေါ်နှင်းပြန်နွှေးပေးမယ်နော်"
"လုပ်မနေနဲ့တော့! ဘာမှမှမထူးတာအဲ့ဟင်းတွေလွှတ်သာပစ်လိုက်တော့!"
ရှိန်းဒေါသဖြစ်ဖြစ်ဖြင့်ပြောပြီးအပေါ်ပြန်တက်လာခဲ့လိုက်သည်
ဆက်! မောင့်ကိုတကယ်စိတ်ဆိုးအောင်လုပ်နေတာပဲကွာ တောက်!
..........
"မောင် ဆက်ပြန်ရောက်ပြီ"
"အင်း"
ဆက်လက်ထဲကအိတ်လေးကိုအသာချလိုက်သည် မောင်စိတ်ဆိုးနေသေးတာလား? ကွန်ပျူတာတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့မောင့်ဘေးကို ဖြေးဖြေးလေးဝင်ထိုင်လိုက်ပြီး မောင့်ကိုငေးကြည့်မိတော့လဲ မောင့်မျက်နှာကစိတ်ဆိုးနေတဲ့ပုံမပေါ်သလို ပုံမှန်လဲဟုတ်မနေ မျက်နှာအနေအထားအရ ဆက်ကိုလျစ်လျူရှုနေပြီဆိုတာ ဆက်သိလိုက်သည်
"မောင်ညစာစားပြီးပြီလားဟင်? ဆက်သွားချက်ပေးမယ်လေ"
"မလိုဘူး!"
"အာ...မောင်စိတ်ဆိုးနေသေးတာလား? မနေ့ကကိစ္စကို"
"......"
YOU ARE READING
ချစ်တယ်မောင်🖤
General Fictionမောင် ဆက်ကိုမမုန်းလိုက်ပါနဲ့ေမာင်ရယ် ဆက်ကိုရွံလဲမရွံပါနဲ့ ဆက်ကမောင်မုန်းမှာဆိုးလို့မပြောခဲ့မိတာပါ မောင်🖤~~~~~ရှိုင်းဆက်ရာ သံယောဇဉ်မတွယ်မိစေနဲ့လို့ မောင်အတန်တန်မှာတယ်လေကွာ ဘာလို့ ဘာလို့များမောင့်စကားကို နားမထောင်ရတာလဲ🖤~~~~~ရှိန်းခန့်မောင်