2🖤

2.2K 75 0
                                    

#unicode

"ဘာလို့လက်ထပ်ဖို့လက်ခံခဲ့တာလဲ"

"ဆက် ဆက်ကဒီအတိုင်းပဲ ဦးရှိန်းက ဆက်တို့သားအမိအပေါ်ကျေးဇူးတွေ အများကြီးရှိတယ်လေ အာ့ကြောင့် ဦးရှိန်းရဲ့ဇနီးခိုင်းတဲ့အတိုင်း ဆက်လုပ်ပေးဖို့အသင့်ပါပဲ"

"ခိုင်းတယ်??"

ကျွန်တော်မေးသလိုလေးပြောလိုက်တော့ သူက မျက်လုံးလေးတွေ ပြူးကြည့်လာကာ ပြောလာသည်

"ဟုတ် အန်တီခိုင်မာက ပြောတယ် ဆက်ကသခင်လေးကိုလက်ထပ်ပေးရမယ်တဲ့ ငြင်းဖို့အခွင့်အရေးလဲမရှိဘူးတဲ့ ပြီးတော့ သခင်လေးကိုစောင့်ရှောက်ရမယ်တဲ့"

"ဘာလို့လက်ထပ်ရမယ် လက်ထပ်ပြီးရင်ဘာတွေလုပ်ရမယ်ဆိုတာ မင်းကိုဘာမှမပြောဘူးလား"

"ဟင့်အင်းဆက်ကိုဘာမှမပြောဘူး"

"အဲ့ဒါဆို နောက်လေးနှစ်နေရင် ကွာရှင်းရမယ်ဆိုတာကော သိရဲ့လား"

"ဗျာ!!!"

မျက်လုံးလေးပြူးကျယ်လာတဲ့သူ အဲ့ဒါဆို ဘာဆိုဘာမှမသိဘဲ လက်ထပ်ဖို့လက်ခံလိုက်ရတာပေါ့ အမေတို့ဘယ်လိုလုပ်လိုက်ကြတာလဲ ရိုက်နှက်ပြီးများပြောထားကြတာလား

ကျွန်တော်သိချင်တာနဲ့ သူဝတ်ထားတဲ့ အင်္ကျီ ရင်စိ‌ေလးကို ဆွဲဖွင့်လိုက်တော့ သူလေးအတော်လန့်သွားရှာတာ
တော်သေးတယ် ရိုက်ထားတဲ့အရာတွေတော့မတွေ့ဘူး

"ဘာမှဖြစ်မနေနဲ့ ငါမင်းကိုဘာမှမလုပ်ဘူး ဒါပေမယ့်တစ်ခုတော့သိထား မင်းကို မေ‌ေမတို့ကမေးလိမ့်မယ် ညကနှစ်ယောက်ပေါင်းစပ်ခဲ့လားတို့ ဘာတို့မေးကြရင် 'အင်း'လို့ပဲဖြေ နားလည်လား"

"ဟုတ် ဆက်နားလည်ပါပြီ"

"အော် ပြီးတော့ သခင်လေးလို့မခေါ်နဲ့ တခြားတစ်ခုခုပြောင်းခေါ် အခုကလက်ထက်ပြီးနေပြီ "

"ဟုတ်"

ကျွန်တော်လဲ ပြောပြီးအခန်းအပြင်သာထွက်လာခဲ့လိုက်တော့တယ် ကျွန်တော် ဖေဖေ့အိမ်မှာပဲ ဒီနေ့ညတော့နေရမှာလေ

"သား ရှိုင်းဆက်ရာရော အဲ့ကောင်လေးကိုအောက်ဆင်းလာခိုင်းလိုက် ထမင်းတွေလဲဘာမှမပြင်ဆင်ရသေးဘူး သားအကိုကပြန်လာတော့မယ် စားစရာမရှိလို့စိတ်တိုနေအုန်းမယ်"

ချစ်တယ်မောင်🖤Where stories live. Discover now