39🖤

793 46 4
                                    

#unicode

ဝရံတာကတိုးဝင်လာတဲ့အလင်းကြောင့် မထချင်ထချင်ဖြင့် ရှိန်းအိပ်ရာထလာသည်

ဘေးကိုကြည့်လိုက်တော့ ဆက်ကရှိမနေ စောင်ပုံထဲခဏခေါင်းစိုက်လိုက်ပြီးမှ ထလာလိုက်ကာ ကိုယ်လက်သန့်စင်ဖို့ရေချိုးခန်းထဲဝင်သွား‌ေလသည်

ရှိန်းရေချိုးခန်းထဲဝင်သွားတုန်း ဆက်လဲအခန်းထဲရောက်လာပြီး အိပ်ရာပေါ်ကိုကြည့်လိုက်သည် ရှိန်းရှိမနေပေမယ့် ရေချိုးခန်းထဲကရေကျသံတွေကြားရတော့ ဆက်လှမ်း‌ေပြာလိုက်သည်

"မောင်တော်တော်အိပ်ပုပ်ကြီးတယ်နော်"

အထဲမှ ရှိန်းက ဗလုံးဗထွေးဖြင့်ပြန်ပြောလာသည်

"ဆက်ကသာအစောကြီးထနေတာလေကွာ!"

ရှိန်းအသံကြောင့် ဆက်မှာအသာရယ်မိတော့သည်

ဆက်ခဏတဖြုတ်ရပ်နေလိုက်ပြီးလုံးထွေးနေတဲ့အိပ်ရာခင်းကို သေချာပြင်ဆင်လိုက်ပြီးနောက် ဗီရိုထဲမှ တပတ်တစ်ထည်ကိုထုတ်ပြီး ရှိန်းထွက်အလာကိုစောင့်နေလိုက်သည်

"မောင်ပြီးပြီလား ရော့ဒီမှာ သုတ်လိုက်အုန်း"

ဆက်ရှိန်းကို တပတ်ပေးလိုက်ကာပြောလိုက်သည်

"မနက်စာပြင်ပြီးပြီနော်မောင် အကုန်အဆင်သင့်ပဲ"

ရှိန်းမျက်နှာသုတ်လိုက်ပြီး ဆက်ကိုပြုံးပြကာ ခါးမှဆွဲဖက်လိုက်ကာ နားသယ်စက်လေးကိုနမ်းလိုက်ပြီး

"သွားရအောင်လေ မောင်လဲဗိုက်ဆာနေပြီ"

ဆက်နဲ့ရှိန်းအောက်ထပ်ဆင်းလာပြီး ‌ရှိန်းတစ်ယောက် ဘေးဘီကိုလျှောက်ကြည့်ကာ မေးလာသည်

"အာကာရော အဲ့ကလေးရောစားပြီးပြီလား?"

"စားပြီးပြီပေါ့မောင်ရယ် စားပြီးလို့အလုပ်တောင်သွားပြီ အချိန်ကိုလဲကြည့်အုန်းလေ မောင်ပဲအိပ်ပုပ်ကြီးနေတာ"

ရှိန်းဘာမှပြန်မပြောဘဲ ပြုံးပြုံးရွှင်ရွှင်သာ မနက်စာစားလိုက်တော့သည်

"ဒီနေ့မောင်တို့အိမ်မှာပဲနေရမှာ အလုပ်လဲမရှိတော့ နည်းနည်းတော့ပျင်းစရာကောင်းတယ် အပြင်သွားကြမယ်လေ ဆက်ဘယ်သွားချင်လဲ"

ချစ်တယ်မောင်🖤Место, где живут истории. Откройте их для себя