19🖤

1K 50 6
                                    

#unicode

"ဦးရန် ပြောပြဗျာ ဆက်နဲ့ဘာတွေပြောနေတာလဲ"

"ဘာလို့ သားရှိန်းကအတင်းလိုက်မေးနေရတာတုံး သားဆက်ကိုသွားမေးလေ သားဆက်ကပြောပြရင်‌နားထောင်လိုက်ပေါ့ သားရှိန်းရဲ့"

"ဦးရန်!!!"

မနက်ကတည်းက ကျွန်တော့အလုပ်ထိလာပြီး အလုပ်လာရှုပ်နေတဲ့ သားရှိန်းပါဗျာ..... ညကသားဆက်နဲ့ဘာတွေပြောနေတာလဲတဲ့ အတင်းကိုလိုက်မေးနေတာ ဒီကလေးခေါင်းမာပုံနဲ့ဆို မသိရမချင်းမပြန်လောက်ဘူး

"သားရှိန်း ကာယကံရှင်ကတောင်သားကိုမပြောပြချင်တာလေ သားကဘာလို့အဲ့လောက်တောင်သိချင်နေရတာလဲ ပြီးတော့ သားမသိသင့်တဲ့အရာမို့လို့ ဆက်ကမပြောပြတာလဲဖြစ်နိုင်တာပဲလေ သားရဲ့ အဲ့လိုဆိုသားမမေးတော့တာ ပိုမကောင်းဘူးလား"

"ဦးရန် သားကိုပြောပြမှာလား မပြောပြဘူးလား သားသိချင်ရင် ဦးမပြောပြလို့မရဘူးဆိုတာသိတယ်နော် သားကိုအခုပြောပြ ညကဦးရန်တို့ဘာပြောနေကြတာလဲ"

"ဟင်းးးးး"

ဦးရန်သက်ပြင်းချလေသည် သူပြောသင့်ရဲ့လား ဆက်အပေါ် ဒေါ်ခိုင်မာရဲ့လုပ်ရပ်တွေကို သူပြောပြသင့်ရဲ့လား သားရှိန်းကရော ပြောပြရင်ယုံမှာတဲ့လား ပြီးတော့ သားတို့ရဲ့ဆက်ဆံရေးတွေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဦးမသိဘူး

"သားရှိန်း သားကအရင်ကအခုလိုမဟုတ်ပါဘူး တော်ရုံဆိုကိုယ်နဲ့မဆိုင်ရင် ဘာနေနေ စိတ်မဝင်စားတဲ့သူလေ ပြီးတော့အခုလို သူများကမသိစေချင်တာ‌တွေဆို လိုက်မေးမနေတတ်တဲ့သူက အခုမှ ဘာလို့အရမ်းသိချင်နေရတာလဲ"

"မသိဘူး သားလဲ အခုနောက်ပိုင်း ဆက်နဲ့ပတ်သက်လာရင်ဒေါသလဲထွက်လွယ်လာတယ် သူ့အကြောင်းအကုန်သိချင်တယ် သူကျွန်တော့ကိုတစ်ခုခုဖုန်းကွယ်ထားတာကို မုန်းတယ် သူနည်းနည်းလောက်လေးထိခိုက်သွားရင်လဲ ကိုယ့်ကိုကိုယ်ဒေါသအရမ်းထွက်လာတာ သူ့ကိုကောင်းကောင်းမစောင့်ရှောက်နိုင်လို့ မနေ့ကသူကျွန်တော်မေးတာမဖြေတော့ ရင်ထဲလဲမကောင်းဘူး သူမဖြေနိုင်တာသိလို့ ကျွန်တော်မမေးတော့ဘဲ ထားလိုက်တာ အဲ့ဒါကြောင့်အခုဦးရန်ကိုလာမေးတာပေါ့ ဦးရန်ကပြောပြပါနော်"

ချစ်တယ်မောင်🖤Where stories live. Discover now