48🖤

928 46 2
                                    

#unicode

"ဦးရှိန်း ကျွန်တော်လာခဲ့မှာပါ ဒါပေမယ့်အချိန်တစ်ခုတော့စောင့်ပေးပါနော် မောင့်ခွင့်ပြုအောင်ပြောဖို့ကအတော်ခက်လို့"

"ဦးသိပါတယ် ဦးသားရဲ့တဇွတ်ထိုးဆန်တာရော ခေါင်းမာတာရောကို ဦးသိတယ် ပြီးတော့သားလဲအတင်းအကျပ်လုပ်မနေနဲ့နော် သားတို့နှစ်ယောက် အေးအေးဆေးဆေးနေလဲရပါတယ် ဦးလေးသားကိုအလုပ်လုပ်ဖို့ အတင်းမတိုက်တွန်းပါဘူး"

"ကျွန်တော်လဲအလုပ်တော့လုပ်ရမှာပေါ့ ဦးရှိန်းရဲ့ အမြဲအိမ်မှာပဲနေလို့မှမရဘဲ"

"ဟုတ်ပါပြီ"

"အာ့ဆို ဦးရှိန်း ဒါပဲနော် ခဏနေမောင်ပြန်လာတော့မှာမို့"

"အင်း အင်း သားဆက်"

ဦးရှိန်းနဲ့ဖုန်းပြောပြီးတာနဲ့ အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည် မနက်ကမောင်နဲ့စကားများလိုက်ရတာကြောင့် ဆက်ကိုယ်တိုင်လဲစိတ်ထဲသိပ်နေလို့မကောင်းဖြစ်ရသည်

တကယ်ဆိုခေါင်းကဒဏ်ရာကလုံးဝမသက်သာသေးတာကို ကိုယ်နဲ့စကားများပြီးတော့ အရွဲ့တိုက်ပြီးအလုပ်သွားတဲ့မောင် ‌ဒီနေ့လည်တော့ထမင်းပြန်လာစားမှာပါလေ

ဆက်အချိန်ကိုကြည့်လိုက်ပြီး ရှိန်းပြန်လာရင်အဆင်သင့် ပူပူနွေးနွေးလေးလဲစားရအောင် စချက်လိုက်တော့သည် ‌ဒေါ်နှင်းနဲ့ မြတ်သူလဲအားနေတာ‌ကြောင့် ဝိုင်းကူပေးကြသည် အာကာကတော့လက်ပြင်းပြင်းထန်ထန်လှုပ်မရသေးတာကြောင့် ထိုင်ခုံပေါ်ထိုင်နေရင်း တခြားသူတွေမပြင်းရအောင် စကားတွေပြောပေးနေသည်

ဆက်တို့အားလုံး ပြင်ဆင်ပြီးတော့ ဆက် ရှိန်းအတွက် သီးသန့်ပြင်ဆင်ကာ ဖယ်ထားပေးလိုက်ပြီးတော့ မြတ်သူတို့စားဖို့ပါတစ်ခါတည်းလုပ်ပေးလိုက်သည်

"ဆက် မင်းတစ်ခါတည်းမစားဘူးလား?"

"ငါမောင့်ကိုစောင့်လိုက်အုန်းမယ် မောင်ပြန်လာတော့မှာပါ"

"သူပြန်လာပါ့မလား မင်းနဲ့ရန်ဖြစ်သွားတယ်မဟုတ်လား?"

"ရန်ဖြစ်တယ်ဆိုပေမယ့် မောင်ဘယ်တော့မှအိမ်ပြန်ထမင်းမစားတဲ့ ရက်တော့မရှိပါဘူး မြတ်သူ"

ချစ်တယ်မောင်🖤Where stories live. Discover now