#unicode
"ဆက်! အား ကိုက်လိုက်တာ"
ထိုးကိုက်လာတဲ့ခေါင်းကို ဖိကိုင်ရင်း ဆက်ကိုအော်ခေါ်နေတဲ့ရှိန်း ရေချိုးခန်းထဲကအမြန်ပြေးထွက်လာတဲ့ဆက်တစ်ယောက် အဝတ်တွေလဲစိုရွှဲနေလေသည်
"မောင် ဘာဖြစ်လို့လဲမောင်?"
ဆက် ရှိန်းကိုယ်ကိုထူပေးပြီး စိုးရိမ်တကြီးမေးလိုက်သည်
"မောင် မောင်ခေါင်းကိုက်လို့"
"မောင်ရာ ညကအများကြီးသောက်လာတာကို အခုတော့ကိုက်တော့မှာပေါ့ ရော့ ဒါလေးသောက်လိုက်"
ဆက်ခုံပေါ်ကအမူးပြေဆေးရည်ခွက်ကိုယူပြီး ပေးလိုက်သည် ရှိန်းဖြေးဖြေးချင်းသာမော့ချလိုက်သည်
"မောင် သက်သာလား?"
"မောင်မသက်သာဘူးဆက်!"
ဆက်ဂနာမငြိမ်ဖြစ်လာရသည် ဆေးကပဲမစွမ်းတာလား ရေတွေအရမ်းများ များသွားလို့လား မောင်မသက်သာဘူးဆိုတာကြောင့် ဆက်မှာစိတ်ပူကာ မျက်ဝန်းတို့ပင်စိုစွတ်လာသည်
"မောင်! ေမာင် မသက်သာဘူးလားဟင် အဲ့ အဲ့ဒါဆိုခဏလေးစောင့်အုံး ဆက် ဆက်ဆရာဝန်ခေါ်ပေးမယ်နော် မောင် အဟင့်!"
တရှုံ့ရှုံ့ဖြင့် ထထွက်ရန်လုပ်နေတဲ့ ဆက်ကိုရှိန်းလှမ်းဆွဲလိုက်ရင်း ဆက်ကိုဆွဲချလိုက်ကာ ပေါင်ပေါ်ဆွဲတင်လိုက်သည်
"ငိုနေတာလား ဘာလို့လဲမငိုပါနဲ့ကွာ မောင်ကစတာလေကွာ ငိုစရာလား မောင်ကဆက်တစ်ချက်နမ်းလိုက်တာနဲ့ ခေါင်းကိုက်တာသက်သာသွားမှာ"
"စတာ?"
"အွန်း မောင်စနေတာလေ မငိုနဲ့တော့နော်"
"အီးဟီး သူများကိုစိတ်ပူအောင်လုပ်တယ် မောင်မကောင်းဘူးကွာ အဟင့် လူယုတ်မာကြီး မုန်းလိုက်တာ"
ပြောပြီး ငိုနေတဲ့ ဆက်ကိုရှိန်းအသာရယ်လိုက်ရင်း မျက်ရည်စတွေကို သုတ်ပေးလိုက်သည်
"ဆက်ရာ မောင်တောင်းပန်ပါတယ်ကွာ ဟုတ်ပါတယ် မောင်မကောင်းတာပါ မငိုနဲ့တော့နော် "
"သူများကိုစိတ်ပူအောင်လုပ်တယ် ဆက်ဘယ်လောက်တောင်လန့်သွားလဲသိလား?"
YOU ARE READING
ချစ်တယ်မောင်🖤
General Fictionမောင် ဆက်ကိုမမုန်းလိုက်ပါနဲ့ေမာင်ရယ် ဆက်ကိုရွံလဲမရွံပါနဲ့ ဆက်ကမောင်မုန်းမှာဆိုးလို့မပြောခဲ့မိတာပါ မောင်🖤~~~~~ရှိုင်းဆက်ရာ သံယောဇဉ်မတွယ်မိစေနဲ့လို့ မောင်အတန်တန်မှာတယ်လေကွာ ဘာလို့ ဘာလို့များမောင့်စကားကို နားမထောင်ရတာလဲ🖤~~~~~ရှိန်းခန့်မောင်