9🖤

1.3K 59 11
                                    

#unicode

"အကိုရန်ပိုင်!!"

"ကိုယ့်ကိုမြင်တာဘာလို့အဲ့လောက်လန့်နေတာလဲ"

ယုတ်မာလှတဲ့အပြုံးတွေနဲ့ကြည့်နေတဲ့ အကိုရန်ပိုင်ကြောင့် ဆက်နေရထိုင်ရခက်လာရသည် လက်ထဲကိုင်ထားတဲ့ရေခွက်လေးကိုပဲ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိတယ် အခုချိန်မှာ ဆက်အတောင့်တမိဆုံးက မောင်မြန်မြန်ပြန်လာစေချင်တာပဲ အကိုရန်ပိုင်နဲ့ရှိ‌ေနပြီဆို ကျွန်တော့အတွက်မလုံခြုံသလိုအမြဲခံစားနေရတယ်

"အကိုလေး အကိုလေးဒီကိုဘယ်လိုရောက်လာတာလဲ"

ဆက်မေးလိုက်တော့လဲ ခနဲ့သလိုလို အပြုံးနဲ့ပြန်ဖြေလာတယ်လေ

"ငါ့ညီအိမ်ငါလာလို့မရဘူးလား?"

"မဟုတ် မဟုတ်ပါဘူး ဟို မောင် မောင်လဲမရှိတော့"

"ဟက် မောင် မောင်တဲ့လား ငါ့ညီကိုမောင်လို့ခေါ်တယ် မင်းကိုသူကလဲ ခေါ်ခွင့်ပေးတယ်ပေါ့ ဟုတ်လား ဟားဟား စိတ်ဝင်စားစရာပဲကွ ငါ့ညီကအဲ့လိုအခေါ်အဝေါ်တွေကို မင်းအပေါ်ကျခွင့်ပြုတယ်ဆိုတော့ တော်တော်တော့ စိတ်ဝင်စားဖို့ကောင်းတာပဲ"

"......"

"တစ်ခုခုပြောပါအုန်းကွ ငါပဲပြောနေရတာ ပင်ပန်းလာပြီ"

"အကိုလေးတစ်ယောက်ထဲလာတာလား အန်တီခိုင်မာတို့ရော မပါဘူးလား"

"အမေကခဏနေမှ လိုက်လာလိမ့်မယ်"

"အာ့ဆို ဧည့်ခန်းမှာ ခဏစောင့်နေပေးပါ မောင်ခဏနေရင်ပြန်လာတော့မှာ"

"ငါကဧည့်သည်လဲ မဟုတ်ဘူး ပြီးတော့ ငါကငါ့ညီဆီလာတာ မဟုတ်ဘူး"

"အာ့ဆို အကိုလေးကဘယ်သူ့ဆီလာတာလဲ မြတ်သူကိုပြန်ခေါ်ဖို့လာတာလား အဲ့ဒါဆိုခဏစောင့်ပေးပါ မြတ်သူကဈေးခဏသွားတယ် ခဏနေရင်ပြန်လာတော့မှာ"

ဆက်လဲ ပြောပြီးတာနဲ့ တစ်ချက်လှည့်ပြီး ထမင်းပွဲတွေနေရာချနေလိုက်တော့တယ် မောင်ကပြန်လာဖို့အချိန်နီးနေပြီလေ

"ကိုယ်ကမင်းဆီကိုလာတာ *ဖူး*"

နောက်ကနေသိုင်းဖက်ကာ နားရွက်နားကို လေမှုတ်လိုက်တာကြောင့် ဆက်မှာ လန့်ဖြန့်သွားရသည်

ချစ်တယ်မောင်🖤Where stories live. Discover now