13🖤

1.4K 57 7
                                    

#unicode

ကိုက်ခဲနေတဲ့ခေါင်းကို လက်ဖြင့်ဖိရင်း ထလာတဲ့ရှိန်း...

ရှိန်းမျက်လုံးကိုအသာဖွင့်လိုက်တော့ ဘေးမှာအင်္ကျီဗလာနဲ့ အိပ်နေတဲ့ဆက်ကြောင့် ရှိန်းမျက်လုံးပြူးသွားရသည်

ရှိန်းကိုယ့်ကိုကိုယ် ပြန်ကြည့်မိတော့မှ သူကိုယ်တိုင်လဲ ကိုယ်မှာအဝတ်မကပ်...... ဘာတွေဖြစ်သွားတာလဲ ပြန်တွေးလိုက်ရင်း ရှိန်းခေါင်းပိုမူးလာတာကြောင့် နထင်ကိုလက်ဖြင့်ပိုမို ဖိထား‌ေလသည်

ညကကျွန်တော်အရမ်းမူးနေခဲ့တာ နောက်တော့ သူ့ကိုချစ်တယ်လို့ပြောမိတယ် မဟုတ်ကဟုတ်ကတွေလဲမေးမိတယ် *ဟိုဟာလုပ်တယ်*ဆိုတာဘာလဲလို့လေ ကျွန်တော်မသိဘဲနေမလား ဒါပေမယ့် မူးနေတုန်းတော့ ခေါင်းထဲဘာမှမရှိဘူးလေ

တွေးရင်းညကကိစ္စတွေအားလုံးကျွန်တော့ခေါင်းထဲ ပြန်ပေါ်လာတယ် အဲ့ဒါပဲ အဲ့အကျင့်ကပဲကျွန်တော့ကိုရှက်စေတာ မူးနေတုန်းလုပ်သမျှ အကုန်မှတ်မိနေမှတော့ ကျွန်တော်သူ့ကိုဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ.....

ရှိန်းအတွေးတွေကိုရပ်ပြီး ကုတင်ပေါ်ကဖြေးဖြေးဆင်းကာ ရေချိုးခန်းထဲဝင်လာလိုက်သည်

ရေချိုးရင်း ကိုယ့်ဟာကိုယ်လဲဒေါသထွက်မိသည် ဘာလို့မထိန်းနိုင်ခဲ့တာလဲ ကျွန်တော်ငါးကြိမ်လောက်ထိကို သူနဲ့ဆက်ဆံခဲ့တာ သူသတိမေ့ပြီး လဲနေတာကိုတောင် ကျွန်တော်မရပ်တန့်ခဲ့ဘူး.......

သူနာကျင်လွန်းလို့ အော်ငြီးရင်းမျက်ရည်စက်လက်ဖြစ်နေတာကို ကျွန်တော်ကအရသာခံပြီးတောင်ကြည့်နေခဲ့သေးတယ်  ကျွန်တော်သူ့ကိုချစ်နေမိတယ်ဆိုရင်တောင် အခုကျွန်တော့လုပ်ရပ်ကလွန်တယ်လေ.....

လေးနှစ်ပြီးရင်လဲသူကကွာရှင်းခံရအုန်းမယ် ကျွန်တော့ကိုလဲသူချစ်မှာ မဟုတ်ဘူး အခုလိုကျွန်တော်ကလုပ်လိုက်တော့ သူ့စိတ်ထဲစိတ်ဒဏ်ရာရသွားနိုင်တယ်လေ

ရှိန်းရေချိုးရင်းတွေးနေမိတဲ့အတွေးတွေကြောင့် ခေါင်းရှုပ်နေရသည် ဆက်ကိုဘယ်လိုဖြေရှင်းချက် ပေးရမလဲဆိုတာလဲ ရှိန်းမတွေးနိုင်တော့..... တွေးမရတဲ့အဆုံး ရှိန်းရေချိုးခန်းထဲကထွက်လာပြီး ပေါ့ပေါ့ပါးပါးသာနေလိုက်တော့သည်

ချစ်တယ်မောင်🖤Where stories live. Discover now