23🖤

1.2K 60 21
                                    

#unicode

ဆေးစည်းပေးနေတုန်း အသံသာမထွက်တာ တသိမ့်သိမ့်တုန်နေတဲ့ ဆက်ကို ရှိန်းတစ်ချက်ကြည့်လိုက်ပြီး ဆေးခြင်းကို အာကာ့ကိုပြန်ပေးလိုက်သည်

"မင်းငိုလို့ပြီးအုံးမှာလား မနက်စာစားပြီးရင် အကိုက်အခဲပျောက်ဆေးကြိုသောက်ထားလိုက်"

လက်ဒဏ်ရာကနာကျင်လာနိုင်တာမို့ ရှိန်း ဆက်ကိုဆေးကြိုသောက်ထားရန်ပြောလိုက်ပြီး ထရပ်လိုက်သည်

"မောင်...!"

နာတရှုံ့ရှုံ့ဖြင့်ခေါ်လာတဲ့ ဆက်ကို ရှိန်းလည်ပြန်ကြည့်လိုက်သည်

"မောင်စားဖို့ ဆက်ပြန်လုပ်ပေးပါ့မယ် ခဏလေးစောင့်ပေးနော် မောင်"

"မစားတော့ဘူး လုပ်မနေနဲ့တော့ မင်းလက်မင်းသာဂရုစိုက် ‌အာကာဒေါ်နှင်းကိုခေါ်ပြီး သူစားဖို့ချက်ခိုင်းလိုက်"

"ဟုတ် ဆရာ"

"......"

ဆက်ကတော့ တိတ်ဆိတ်စွာသာ လှည့်ထွက်သွားတဲ့ကျောပြင်လေးကို ငေးနေမိသည်

"အကိုဆက်ရာ!"

အာကာခေါ်မှသတိပြန်ကပ်တဲ့ ဆက်

"အကိုနားလိုက်အုံး ပင်ပန်းထားတာလေ နားလိုက်နော်"

"အာကာ"

လေသံပျော့ပျော့ဖြင့် ဆက်ခေါ်လိုက်တာကြောင့် အာကာက *ဟင်*ဟုဆိုကာလှည့်ကြည့်လာသည်

"အာကာ့စိတ်အထင် မောင်ကအကို့ကို စိတ်ဆိုးပြေလောက်လားဟင် အကိုတကယ်သိချင်လို့ပါ အာကာ အကို့ကိုပြောပြပါနော်"

တကယ်သိချင်စိတ်တို့ ဆက်မျက်နှာမှာ ထင်ဟပ်နေသည် အာကာလဲသက်ပြင်းတစ်ချက်ချကာ ပြုံးပြလိုက်ရင်း ဆက်ဘေးဝင်ထိုင်လိုက်သည်

"အကိုဆက်ရာ အကိုကလေ အရမ်းကိုစိတ်ပျော့တာပဲ ပြီးတော့လေ အကိုကအလိုက်သိတယ် သူတစ်ပါးရဲ့မျက်နှာရိပ်မျက်နှာကဲကိုကြည့်တတ်တယ် ဒါပေမယ့်ဆရာ့ပုံစံကိုကျ ဘာလို့မခန့်မှန်းတတ်တာလဲ? ဆရာအကို့ကို တကယ်စိတ်ဆိုးနေတယ်လို့ထင်နေတာလား?"

ဆူသလိုငေါက်သလို‌ေလးပြောလာတဲ့အာကာ့ကို ဆက်မျက်ခုံးပင့်ကာကြည့်မိသည်

ချစ်တယ်မောင်🖤Donde viven las historias. Descúbrelo ahora