#unicode
"ခေါင်းကိုက်လိုက်တာ!"
ဆက်ပြင်းပြင်းထန်ထန်ကိုက်နေတဲ့ခေါင်းကို ဖိနှိပ်ရင်းထလာရသည် ဘေးဘီကိုကြည့်တော့လဲ မောင်ကရှိမနေ စားပွဲပေါ်ကနာရီကိုလှမ်းကြည့်တော့ ဆယ်နာရီထိုးနေပြီဖြစ်တဲ့အချိန် သွားပါပြီ အလုပ်နောက်ကျပြန်ပြီ ဦးရှိန်းကိုတော့အားနာဖို့ကောင်းလိုက်တာ
ဆက်ဖြေးဖြေးချင်းထလိုက်ပြီး ရေချိုးခန်းထဲဝင်ကာရေမိုးချိုးလိုက်ပြီး အလုပ်သွားဖို့ပြင်တော့သည်
"မောင်!"
အောက်ထပ်ကိုဆင်းလာပြီး မောင့်ကိုခေါ်နေမိပေမယ့်လဲ မောင့်ရဲ့ထူးသံကိုတောင်မကြား... မောင်အလုပ်များသွားပြီလား
"အန်တီနှင်းရေ"
မီးဖိုချောင်ထဲကအန်တီနှင်းက ဖန်ခွက်လေးတစ်ခွက်ကိုင်ရင်း ထွက်လာလေသည်
"သားဆက် ဒါလေးသောက်လိုက် သခင်လေးပြင်ခဲ့ပေးတာ"
"မောင်ပြင်ပေးထားတာ"
"အင်း"
ဆက်အမူးပြေဆေးခွက်လေးကိုယူပြီး မော့ချလိုက်တော့သည်
"ဒါနဲ့မောင်အလုပ်သွားတာလားဟင်?"
"အင်း သခင်လေးကအစည်းအဝေးရှိလို့တဲ့ စောစောသွားရတယ် သားဆက်နိုးလာရင်ဒါတိုက်ဖို့ကိုအတန်တန်မှာခဲ့တာ"
"ဟုတ် အန်တီနှင်း"
ဆက်ပြုံးမိတော့သည် ညကမောင်သူ့ကိုစိတ်ဆိုးသွားမှာတော့အသေအချာပင် ကိုယ်ကလဲမသောက်စဖူးမှောက်သည်အထိသောက်မိသည်မဟုတ်လား ညကမောင်ပဲပြန်လာခေါ်ပုံရသည် မူးနေတာနဲ့ မောင့်ကိုလဲဖုန်းမဆက်ဖြစ်ခဲ့ မောင်တော့စိတ်ဆိုးနေမှာ အသေအချာပင် အခုလိုစိတ်ဆိုးနေတာတောင် ဆက်အတွက်တွေးပေးနေတဲ့မောင်က ချစ်ဖို့ဘယ်လိုတောင်ကောင်းရတာလဲမောင်ရာ
ညကျမှမောင့်ကိုပြန်ချော့မယ်မောင်...
ဆက်အတွေးတို့ကိုရပ်လိုက်ပြီး အလုပ်သွားဖို့အပြင်
"သားဆက် အာကာအလာကိုစောင့်ပါလို့ သခင်လေးကပြောသွားတယ် အလုပ်သွားမယ်ဆို အာကာလာတဲ့အထိစောင့်တဲ့"
YOU ARE READING
ချစ်တယ်မောင်🖤
General Fictionမောင် ဆက်ကိုမမုန်းလိုက်ပါနဲ့ေမာင်ရယ် ဆက်ကိုရွံလဲမရွံပါနဲ့ ဆက်ကမောင်မုန်းမှာဆိုးလို့မပြောခဲ့မိတာပါ မောင်🖤~~~~~ရှိုင်းဆက်ရာ သံယောဇဉ်မတွယ်မိစေနဲ့လို့ မောင်အတန်တန်မှာတယ်လေကွာ ဘာလို့ ဘာလို့များမောင့်စကားကို နားမထောင်ရတာလဲ🖤~~~~~ရှိန်းခန့်မောင်