#unicode
"ဆက်ရာမင်းဒီနေ့လာတာနောက်ကျလိုက်တာကွာ ငါ့အကိုကမင်းကိုမျှော်နေတာ"
"အကိုလင်းထက်ကျွန်တော်တောင်းပန်ပါတယ်နော် ကျွန်တော် အိမ်ပြောင်းရွှေ့နေရတာနဲ့ ဒီနေ့ေနာက်ကျသွားတာ"
"မဟုတ်တာကွာ အကို့ကိုတောင်းပန်ဖို့မလိုပါဘူး ဒီကောင်လေးပြောတာတွေလျှောက်ယုံမနေနဲ့"
"မဟုတ်လို့လား အကိုတတွတ်တွတ်နဲ့ခေါ်ရင်း မျှော်နေတာပဲ မဟုတ်ဘူးလား"
"ဒီကောင်လေးတော့"
'ခွက်'
အကိုလင်းထက် ရဲထက်ရဲ့ခေါင်းကိုခေါက်လိုက်လေသည် ဆက်အသာရယ်မိသည် ဒီညီအကိုတွေကအဲ့လိုပဲ
ရဲထက်ဆိုတာ ကျွန်တော့ရဲ့အချစ်ဆုံးသူငယ်ချင်းလေးနှစ်ယောက်ထဲက တစ်ယောက်ပေါ့ တစ်ယောက်ကရဲထက် တစ်ယောက်ကတော့ မြတ်သူတဲ့ ကျွန်တော်တို့ကအထက်တန်းထဲကခင်ခဲ့တာလို့ပြောရမှာပေါ့ အခုထိလဲအတူတူရှိကြတုန်းပဲ မြတ်သူကအေးသလောက် ရဲထက်ကအရမ်းမျက်နှာပြောင်တတ်တာဗျ ကျွန်တော့ကိုလဲ သူ့အကိုနဲ့လက်ထပ်လိုက်ဆိုပြီး ခဏခဏစတယ် သူ့အကိုဆိုတာ အကိုလင်းထက်ပေါ့ အကိုကရဲထက်အဲ့လိုစတိုင်းလဲ အသေခေါက်တာ ရဲထက်ကလဲအထုခံရတာကိုပန်းနဲ့ပုတ်တယ်လို့ သဘောထားပုံပဲ ခဏလေးမျက်နှာလေးရှုံ့သွား ပြီးရင်အရင်လို မျက်နှာပြန်ပြောင်တာပဲ ကျွန်တော်က အကိုလင်းထက်ရဲ့ဆိုင်မှာလဲအချိန်ပိုင်းလုပ်တယ်လေ ကျွန်တော်ကျောင်းပြီးတော့ ကုမ္ပဏီတွေမှာ အလုပ်ဝင်ဖို့လုပ်ထားတာပါ ဒါပေမယ့်လဲ ကျွန်တော့မှာ လုပ်ပိုင်ခွင့်မရှိခဲ့ဘူး ဦးရှိန်းကလုပ်ခိုင်းပေမယ့်လဲ အန်တီခိုင်မာက အမျိုးမျိုးအကြောင်းပြပြီးမလုပ်ခိုင်းဘူး အိမ်မှာပဲ အစားအစာတွေပြင်ဆင်ခိုင်းတယ် အဲ့တော့ကျွန်တော့မှာ အချိန်ပိုင်းဆိုတဲ့အလုပ်တွေပဲ ကျွန်တော်လိုက်လုပ်နိုင်ခဲ့တယ်
အကိုလင်းထက်ရဲ့ ကော်ဖီဆိုင်လေးမှာတော့ ကျွန်တော် နေ့တိုင်းလုပ်ဖြစ်တယ် ဒါပေမယ့် စနေနေ့ဆို ကျွန်တော်ဘားတစ်ခုမှာ ညဘက်အချိန်ပိုင်းလုပ်တယ် အဲ့အလုပ်ကိုတော့ ရဲထက်နဲ့ အကိုလင်းထက်ကမသိဘူး ကျွန်တော်မပြောထားဘူးလေ သိရင်ဆက်မလုပ်ခိုင်းမှာဆိုးလို့ အဲ့လိုဆို ဝင်ငွေကကျွန်တော့အတွက်အဆင်မပြေတော့ဘူးလေ ဒါပေမယ့် ကျွန်တော်မြတ်သူကိုတော့ ပြောပြထားတယ် ပြောပြတယ်ဆိုတာထက်သူကသိသွားတာလို့ပြောရမှာပဲ မြတ်သူကလဲ မောင့်အဖေအိမ်ကအလုပ်သမားပဲလေ သူလဲကျွန်တော့်လိုပဲဆိုတော့ ကျွန်တော်အိမ်ပြန်တာနောက်ကျတာနဲ့ အတင်းမေးရင်းကနေ ကျွန်တော်ပြောပြဖြစ်သွားတာ
YOU ARE READING
ချစ်တယ်မောင်🖤
General Fictionမောင် ဆက်ကိုမမုန်းလိုက်ပါနဲ့ေမာင်ရယ် ဆက်ကိုရွံလဲမရွံပါနဲ့ ဆက်ကမောင်မုန်းမှာဆိုးလို့မပြောခဲ့မိတာပါ မောင်🖤~~~~~ရှိုင်းဆက်ရာ သံယောဇဉ်မတွယ်မိစေနဲ့လို့ မောင်အတန်တန်မှာတယ်လေကွာ ဘာလို့ ဘာလို့များမောင့်စကားကို နားမထောင်ရတာလဲ🖤~~~~~ရှိန်းခန့်မောင်