36🖤🔞

1.8K 51 30
                                    

#unicode

❗❗❗

"ဟွန့် အကိုမြတ်သူ စောင့်ပါအုန်းဆို!"

"...."

ဒီလောက်အော်ခေါ်နေတာတောင်မစောင့်တဲ့လူကြီး ဟွန့်! မုန်းလိုက်တာ သူများကိုပစ်ပယ်ထားတယ်!

အာကာခြေလှမ်းတို့ကိုရပ်တန့်လိုက်တော့သည် မြတ်သူနောက်ဆက်မလိုက်တော့ဘဲ ချက်ချင်းပြန်လှည့်ကာ အခန်းကိုသာပြန်လာခဲ့လိုက်တော့သည်

စိတ်ဆိုးတယ်! ဘာလို့မှန်းမသိဘဲကို စိတ်ဆိုးတာ! ဟိုနေ့ကကျတော့ သူနဲ့တွဲဖို့ပြောတယ် အခုကျလူကိုဂရုတောင်မစိုက်ဘူး အရူးကြီး မုန်းလိုက်တာ ခင်များကြီးကို ရတယ်လာဂရုမစိုက်လဲရတယ် ခင်များကိုလဲပစ်ထားပြမယ်

"မင်းဘာလို့လိုက်မလာတာလဲ ဘာလဲဗိုက်မဆာဘူးလား?"

"......"

မြတ်သူအမေးကို ပြန်မဖြေဘဲ ကွန်ပျူတာသာဆက်နှိပ်နေတဲ့ အာကာ

မြတ်သူအနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်

"ကိုယ်မေးနေတာပြန်ဖြေလေ!"

"......"

မြတ်သူတစ်ခုခုကိုသတိထားမိသွားတာကြောင့် မသိမသာပြုံးလိုက်မိသည်

ဒီကောင်လေးစိတ်ကောက်သွားတာပဲ! သူလေးကိုစချင်စိတ်များနေတာနဲ့ပဲ သူ့ကိုမစောင့်ဘဲထွက်သွားမိလိုက်တာ သူလှမ်းခေါ်နေတာကြားပေမယ့်လဲ မသိချင်ယောင်ဆောင်လိုက်မိတယ်လေ ဒါကိုသူလေးကစိတ်ကောက်သွားပုံပဲ ကျွန်တော့ကိုတောင်ဂရုမစိုက်ဘဲ အလုပ်ပဲထိုင်လုပ်နေတယ်ဆိုတော့

ဟုတ်ပါပြီ! ကျွန်တော့ဘက်ကပဲ လျှော့ရတာပေါ့ဗျာ

"လာ ကိုယ်မင်းအတွက်ဝယ်လာတယ် ကိုယ်အကုန်ထည့်ပေးထားမှာမို့ မြန်မြန်လာခဲ့ အဆာလွန်နေမယ်"

"....."

အာကာကတော့မျက်နှာထားနည်းနည်းလေးတောင်ပြောင်းမသွား...!

မြတ်သူလဲသက်ပြင်းချလိုက်ရင်းသာ မီးဖိုခန်းထဲဝင်သွားပြီး အစားအစာတွေကိုပန်ကန်အသီးသီးထဲထည့်လိုက်တော့သည် အာကာ့ကိုပြန်ကာလာခေါ်တော့ အာကာကဆူပုတ်ကာသာ ပေကပ်ထိုင်နေသည်

ချစ်တယ်မောင်🖤Where stories live. Discover now