#unicode
*ငါ့ကိုခေါ်ထုတ်ပေးလို့ရမလား*
*ဆက် မင်းမဟုတ်တာတွေလျှောက်မတွေးနဲ့ ရှိန်းခန့်မောင်ကမတွေးဘဲဘာမှလုပ်မှာမဟုတ်ဘူး သူကမင်းကောင်းဖို့အတွက်ပဲလုပ်နေတာပါကွာ ခဏလောက်မင်းသည်းခံလိုက်ပါ*
*မြတ်သူ! မင်းကအဲ့ကောင်ဘက်ကပဲ လိုက်နေတော့မှာလား? ဆက်ကိုသူကအခုအိမ်ထဲပိတ်လှောင်ထားတာလေ မင်းရူးနေတာလား? ဆက်ကိုတကယ်ပဲအခုလိုပစ်ထားတော့မလို့လား?*
*ငါပြောတာကိုနားထောင် ရဲထက်မင်းဆက်ကိုမြှောက်ပေးမနေနဲ့ ဆက်အခုလိုချိန်မှာစိတ်ရှုပ်နေမယ်ဆိုတာ ငါနားလည်တယ် ဒါပေမယ့် မင်းအခုချိန်အိမ်ထဲမှာပဲနေတာကောင်းတယ် ဆက်*
*ငါအခုလိုမနေချင်တာ မင်းလဲသိရက်နဲ့ မောင်ကအခုတလောအရမ်းလဲချုပ်ခြယ်တယ် ဆူပူတယ် ငါတကယ်မောင်ဘာဖြစ်နေတယ်ဆိုတာမသိတော့ဘူး မြတ်သူမင်းငါအိမ်ကမထွက်သွားစေချင်ရင် မင်းငါ့ကိုပြော မောင့်မှာဘာပြဿနာတွေဖြစ်နေတာလဲ တစ်ခါတစ်ခါကျ မောင်ကဖုန်းပြောပြီးအရမ်းဒေါသထွက်နေတတ်တယ် မင်းငါ့ကိုပြောပြပါ မောင့်မှာဘာကိစ္စတွေဖြစ်နေတာလဲ?*
*ဆက် သူprojectအသစ်တစ်ခုလုပ်နေရတာ အဲ့ဒါအဆင်မပြေလို့စိတ်ရှုပ်နေတာနေမှာပါကွာ မင်းကနားလည်ပေးလိုက်ပါ*
Gp chatထဲ မြတ်သူပြောတဲ့စကားတွေကို ဆက်စဉ်းစားလိုက်သည် projectအသစ်? အရင်ကတောင်အရမ်းအလုပ်ရှုပ်နေရင် မောင်သူ့အပေါ်အခုလိုမလုပ်ဖူးဘူး အခုကဆက်ကိုအိမ်ထဲမှာ ပိတ်လှောင်ထားတာလေ မောင်အလုပ်ရှုပ်နေတာဖြစ်နိုင်ပါ့မလား
*ကောင်းပြီ မင်းမကူညီလဲ ငါအဆင်ပြေတယ်*
*ငါခေါ်ထုတ်ပေးမယ် ဆက် အဲ့မြတ်သူကောင်စုတ်ကိုပြောမနေနဲ့တော့ ငါ့သူငယ်ချင်းကို ပိတ်လှောင်ထားတဲ့ကောင်လဲ ငါနဲ့တွေ့မယ်*
*ရဲထက် ကလေးလိုလုပ်မနေနဲ့တော့ မင်းအလုပ်သာမင်းအာရုံစိုက်*
*မင်း﹏*
*မြတ်သူ ရဲထက်ကိုမဆူပါနဲ့ သူကငါ့အတွက်ပြောပေးတာပါ*
‘ကျီ...'
တံခါးဖွင့်သံကြောင့် ဆက်ဖုန်းကိုအမြန်ပိတ်ကာ ခုံပေါ်တင်လိုက်သည် ခြေသံတစ်စက်ကလေးတောင်မထွက်တဲ့မောင် ဘယ်လိုတောင်လမ်းလျှောက်လာလဲမသိ တံခါးဖွင့်သံကြားမှ ဆက်မှာအလန့်တကြားဖုန်းပိတ်ရသည်
YOU ARE READING
ချစ်တယ်မောင်🖤
General Fictionမောင် ဆက်ကိုမမုန်းလိုက်ပါနဲ့ေမာင်ရယ် ဆက်ကိုရွံလဲမရွံပါနဲ့ ဆက်ကမောင်မုန်းမှာဆိုးလို့မပြောခဲ့မိတာပါ မောင်🖤~~~~~ရှိုင်းဆက်ရာ သံယောဇဉ်မတွယ်မိစေနဲ့လို့ မောင်အတန်တန်မှာတယ်လေကွာ ဘာလို့ ဘာလို့များမောင့်စကားကို နားမထောင်ရတာလဲ🖤~~~~~ရှိန်းခန့်မောင်