#unicode
မနေ့ကကတိပေးထားတဲ့အတိုင်း ရှိန်း ဆက်ကိုရဲထက်တို့ဆီသွားခွင့်ပြုလိုက်သည် အာကာ့ကိုလိုက်ပို့ခိုင်းလိုက်ပြီး သူကတော့ကုမ္ပဏီကိုပဲ လာခဲ့လိုက်သည်
တကယ်ကိုအလုပ်တွေပုံနေတာပဲ အလုပ်မလာတာရက်တော်တော်ကြာသွားတော့ ပုံမှန်စစ်ဆေးစရာတွေ ပုံလာတယ် အရမ်းကြီးမားတဲ့အရာမျိုးတော့မဟုတ်ဘူးပေါ့
ရှိန်းအလုပ်ကိုပဲ အာရုံစိုက်လုပ်နေလိုက်ပြီး နေ့လည်ရောက်တော့ ဆက်ကိုဖုန်းခေါ်လိုက်သည်
တစ်ဖက်ကပျော်ရွှင်နေတဲ့အသံလေးကြားမှပဲ ကျွန်တော်လဲအလွမ်းပြေတော့တယ်
"မောင်...."
"အင်း... ဆက်စားပြီးပြီလား စကားတွေပဲပြောမနေနဲ့နော် ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်"
"အင်းပါ မောင်ရာ ဆက်စားပြီးပါပြီ မောင်ရောစားပြီးပြီလား?"
"မောင်လဲစားပြီးပါပြီ ဒါပေမယ့်ဗိုက်မပြည့်လိုက်ဘူး"
"ဘာလို့လဲမောင်ရဲ့"
"ဆက်မှဘေးမှာမရှိဘဲ ပြီးတော့ဒါတွေကဆက်ချက်ပေးတာလောက်မှ စားမကောင်းတာ"
"မောင်အိမ်ပြန်မစားဘူးလား အန်တီနှင်းချက်ပေးတာဆိုရင်တော့မောင်အဆင်ပြေမှာပါ"
"မောင်ကပြန်စားလေ့ရှိတဲ့သူမှမဟုတ်တာ ဆက်ကချက်ကျွေးတာမို့လို့သာ တကူးတကအပင်ပန်းခံပြီးအိမ်ပြန်စားနေတာ"
ဆက်မှာကျေနပ်စွာပြုံးလာတော့သည်
"မောင်ကတော့ ပိုကိုပိုတယ်"
"မောင်ကတော့လွမ်းလို့ဖုန်းဆက်လိုက်တာ ဆက်ကရော မောင့်ကိုလွမ်းနေရဲ့လား?"
တစ်မနက်ပဲရှိသေးတယ်လေ မတွေ့ရသေးတာက ဒါကိုလွမ်းတယ်တဲ့ တကယ်အပိုပြောပြီ မောင်ကတော့
"လွမ်းတယ် လွမ်းတယ် ဘယ်နှနာရီမှတောင်မရှိသေးဘူး မောင်ကတော့နော်"
"ဟားဟား မောင်လွမ်းတာလဲမပြောနဲ့လေ ဖက်ထားရမဲ့ဆက်မှမရှိဘဲ!"
"မောင်ရာ..."
ဖုန်းထဲမှာပြောဆိုတာနဲ့တင် ဆက်မှာရှက်ကာပါးများနီရဲလာရသည်

YOU ARE READING
ချစ်တယ်မောင်🖤
General Fictionမောင် ဆက်ကိုမမုန်းလိုက်ပါနဲ့ေမာင်ရယ် ဆက်ကိုရွံလဲမရွံပါနဲ့ ဆက်ကမောင်မုန်းမှာဆိုးလို့မပြောခဲ့မိတာပါ မောင်🖤~~~~~ရှိုင်းဆက်ရာ သံယောဇဉ်မတွယ်မိစေနဲ့လို့ မောင်အတန်တန်မှာတယ်လေကွာ ဘာလို့ ဘာလို့များမောင့်စကားကို နားမထောင်ရတာလဲ🖤~~~~~ရှိန်းခန့်မောင်