22🖤

1.2K 58 33
                                    

#unicode

ရှိန်း သူ့အဖေအိမ်ကနေပြန်လာပြီးကတည်းက သူ့သူငယ်ချင်းတွေနဲ့အတူသွားသောက်ဖြစ်သည် သူငယ်ချင်းတွေကို ရင်ဖွင့်လိုက်တော့ သူ့စိတ်ထဲအနည်းငယ်သက်သာသွားသလို ခံစားရပေမယ့် တကယ်တမ်းကျလုံးဝပြေပျောက်သွားတာမျိုးမဟုတ်

သောက်ပြီးတာနဲ့ အာကာ့ကိုလာခေါ်ခိုင်းပြီး အိမ်ပြန်လာခဲ့လိုက်တယ် ဒီအခြေအနေနဲ့ ကားမောင်းဖို့အဆင်မပြေဘူးလေ

"မောင်!...."

စိုးရိမ်တကြီးခေါ်လာတဲ့ သူ့အသံကိုကြားသော်လဲ ကျွန်တော်ဂရုမစိုက်ဖြစ် အာကာ့ကိုသာကူတွဲခိုင်းထားပြီး အနားရောက်လာတဲ့သူ့ကိုကျွန်တော်တွန်းလိုက်မိသည် နဂိုတည်းကအားနည်းနေတဲ့သူ့အတွက် ကျွန်တော်အားဖြေးဖြေးလေးတွန်းတာကပင် လဲကျသွားစေသည်

သူနာသွားမလားဆိုသည့်စိတ်ဖြင့် အနည်းငယ်တောင့်ဆတ်သွားသော်လဲ ချက်ချင်းပြန်ထိန်းကာ သူ့ကိုအကြည့်လွှဲရင်း အာကာနဲ့အတူအပေါ်တက်လာခဲ့လိုက်သည်

"မင်းသွားလို့ရပြီ ဒီညလဲဒီမှာပဲအိပ်လိုက် အဆင်ပြေတယ်မှတ်လား"

"‌ေပြပါတယ် ဆရာ ဒါနဲ့ အကိုဆက်ရာကိုဘာလို့တွန်းလိုက်တာလဲ ဆရာ"

"အဲ့ဒါငါ့ကိစ္စ မင်းနဲ့ဆိုင်လို့လား ဝင်မပါနဲ့"

"တောင်းပန်ပါတယ် ဆရာ"

ပြောပြီးတာနဲ့ထွက်သွားတဲ့ အာကာ့ကိုတစ်ချက်ကြည့်လိုက်ပြီး အိပ်ယာပေါ်ပစ်လှဲချလိုက်သည်

မျက်လုံးကိုမှိတ်လိုက်ချင်း ကျွန်တော်တွန်းလိုက်လို့ လဲကျသွားတဲ့ သူ့ပုံလေးကိုပြန်မြင်လာမိသည် တောင်းပန်ပါတယ်ဆိုတဲ့အကြည့်မျိုးဖြင့် ကြည့်နေတဲ့သူ့မျက်ဝန်း ကျွန်တော်သူ့မျက်လုံးတွေကိုလှမ်းကြည့်မိတော့ မျက်လွှာချကာခေါင်းငုံ့သွားတဲ့သူ့ပုံလေးကို ပြန်မြင်လာပြီး စုတ်သပ်မိသည်

"ကျစ်!!!"

"ငါ့ကိုရူးအောင်လုပ်နေတာလားကွာ အဲ့မျက်ဝန်းတွေနဲ့မကြည့်ပါနဲ့ ရင်ထဲကအရမ်းနာကျင်ပြီး အာနာမိလို့"

ရှိန်းတစ်ယောက် နှဖူးပေါ်လက်တင်‌ရင်း ရေရွတ်မိသည်

"......"

ချစ်တယ်မောင်🖤Where stories live. Discover now