#unicode
"ခင်များ ကျွန်တော်နဲ့အဆက်အသွယ်မလုပ်နဲ့တော့ ခင်များရဲ့မဟုတ်တဲ့စကားတွေကိုလဲမကြားချင်တော့ဘူး ထပ်ပြီးကျွန်တော်နဲ့ ရှိန်းကြားကို ဝင်မနှောင့်ပါနဲ့!"
ကောင်းခန့် ဒေါ်ခိုင်မာကိုပြတ်ပြတ်သားသားပြောချလိုက်သည်
"ငါပြောနေတာတွေက မဟုတ်တဲ့စကားတဲ့လား? ငါအမှန်တွေပြောနေတယ်ဆိုတာ မင်းကမယုံတာလား?"
"ယုံရမယ်? ဟုတ်လား? ခင်များကိုအဲ့အချိန်ကယုံခဲ့မိတာ ကျွန်တော်တုံးနေလို့ ဟုတ်တယ် ကျွန်တော်သေချာမစဉ်းစားဘဲ တုံးအခဲ့လို့ အခုတော့ ခင်များကိုယုံဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူး ကျွန်တော့ကိုအဆက်အသွယ်မလုပ်ပါနဲ့တော့"
"မင်း ရှိန်းကိုရဖို့အတွက် ငါ့ကိုလိုတယ်!"
"မလိုချင်တော့ဘူး! မရလဲနေပါစေတော့! ဒီအတိုင်းသူ့အနားရှိနေရလဲ အဆင်ပြေတယ်"
"မင်းလုံးဝရူးနေပြီပဲ!"
"အဟက် ရူးတယ်ဆိုလဲရူးတယ်ပေါ့ ကျွန်တော်ပြောသလိုပဲနော် အခုကစပြီး ကျွန်တော့ကိုအဆက်အသွယ်မလုပ်နဲ့တော့ ပြီးတော့ ခင်များအခုနေနေတဲ့ တိုက်ခန်းခင်များအပိုင်သာယူလိုက်တော့ နောက်ကျွန်တော့ကိုလာမပတ်သက်နဲ့တော့!"
ကောင်းခန့်ပြောပြီးတာနဲ့ ဖုန်းချပစ်လိုက်တော့သည်
ဟုတ်တယ် ရှိန်းကိုဒုက္ခပေးခဲ့တဲ့သူတွေနဲ့ မပတ်သက်တာအကောင်းဆုံးပဲ! ကောင်းခန့်ကိုယ့်ကိုကိုယ်ပြောပြီး ခေါင်းညိတ်နေမိသည်
"ကောင်းခန့် ငါတို့လာတယ်"
မင်းသန့်အသံကြားတာကြောင့် ကောင်းခန့်ပြုံးရွှင်ပြီး အဝကိုကြည့်လိုက်တော့သည်
"လာပြီလား?"
ကောင်းခန့်ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည် ရှိန်းလဲဆိုဖာပေါ်ဝင်ထိုင်ပြီး ကောင်းခန့်ကိုလှမ်းကြည့်ကာမေးလိုက်သည်
"အန်တီရော?"
"မေမေအိမ်ခဏပြန်သွားတယ်"
"မင်းတစ်ယောက်တည်းကိုထားခဲ့တာလား?"
YOU ARE READING
ချစ်တယ်မောင်🖤
General Fictionမောင် ဆက်ကိုမမုန်းလိုက်ပါနဲ့ေမာင်ရယ် ဆက်ကိုရွံလဲမရွံပါနဲ့ ဆက်ကမောင်မုန်းမှာဆိုးလို့မပြောခဲ့မိတာပါ မောင်🖤~~~~~ရှိုင်းဆက်ရာ သံယောဇဉ်မတွယ်မိစေနဲ့လို့ မောင်အတန်တန်မှာတယ်လေကွာ ဘာလို့ ဘာလို့များမောင့်စကားကို နားမထောင်ရတာလဲ🖤~~~~~ရှိန်းခန့်မောင်