Extra1(uni)

9.8K 263 16
                                    

တစ်ရွေ့ရွေ့မောင်းနှင်လာတဲ့ကားလေးဟာ ရှမ်းတောင်တန်းတွေကြား တစ်ရိပ်ရိပ်ပြေးနေပါ၏။။လမ်းတစ်လျှောက်လုံးလည်း ပေါင်ပေါ်မှာလှဲအိပ်လာသော သခင်လေးကို တစ်စိမ့်စိမ့်ကြည့်နေရတာတောင် ကြည့်လို့မဝပေ။

ဖြောင့်စင်းပြီးရှည်လျားနေတဲ့ မျက်တောင်ရှည်တွေနဲ့ ပိရိသေသပ်သောနှုတ်ခမ်းပါးများက အိပ်ပျော်နေတာတောင် နည်းနည်းလေးမှဆွဲဆောင်မှုလျော့မသွား။ပေါင်ပေါ်မှာပါးအပ်ကာ အိပ်နေသည်မို့ အပေါ်ကနေမြင်နေရသော ပါးပြင်တစ်လျှောက်
သွေးကြောမျှင်မျှင်လေးတွေနဲ့ ရဲလို့နေသည်။ခုရက်ပိုင်း အစားအေသာက္ကအစ သေချာဂရုစိုက်ပေးဖြစ်ပြီး အသီးအနှံများများကျွေးဖြစ်တာကြောင့် သခင်လေးကအရင်ကထက်ပိုပြီး နုနယ်လာသည်။နုနယ်သည်မှ ထိရက်စရာကိုမရှိတာမျိုးလေး။

စိတ်ကသာအရမ်းstrongဖြစ်ပေမဲ့ သခင်လေးကအသားလေးတွေကအစ နူးညံ့လွန်းသည်။သဘက်နဲ့ ခပ်ကြမ်းကြမ်းသုတ်မိရင်တောင် ရဲတက်လာတာမျိုး။ပါးလေးတစ်ချက်ဆွဲမိရင်တောင် ချက်ချင်းအရာထင်လာသည်။

မကြာမီပင် ရောက်တော့မည်ဖြစ်သောကြောင့် သခင်လေးကိုနိုးကာ မျက်လုံးကိုပိတ်ထားခိုင်းရမည်။ကိုယ်ပြမည့်အရာကြောင့် သခင်လေးကိုအံ့သြသွားစေချင်သည်။

"သခင်လေး...ထအုန်း"

အိပ်ပျော်နေသူအား နှာခေါင်းလေးကို ဖွဖွလေးဆွဲကာနိုးလိုက်သည်။

"အင်..အင်း"

အတင်းကုန်းထကာ လက်နှစ်ဖက်ကိုဆန့်ကာ တအင်းအင်းလုပ်နေပေမဲ့ မျက်လုံးတွေက ပွင့်မလာသေးပေ။

"ရော့...ရေသောက်လိုက်"

ရေတိုက်ကာမှ မျက်လုံးဖွင့်ပြီး ရေဘူးကိုလှမ်းယူသည်။

"ကိုယ်မျက်လုံးတွေ ခဏပိတ်မယ်နော်...မင်းကိုအံ့သြစေချင်လို့"

"အင်း...ဒါနဲ့ ခမ်းက ဘာတွေလုပ်ထားလို့လဲ"

"မပြောဘူး..ပြီးမှကြည့်"

"Ok"

Eye maskတစ္ခုကိုယူကာ အုပ်ပေးလိုက်သည်။

"ခဏေလးပဲ ရောက်တော့မှာ"

"ရောက်ပြီ"

ကားရပ်သွားတော့မှ သခင်လေးလက်ကိုဆွဲကာခေါ်ခဲ့သည်။

No one but you(OR)The Mafia Guys[completed]Where stories live. Discover now