Chapter 12(uni)

5.3K 285 17
                                    

အ့ ...ဘာလို့သေမလိုငိုနေကြတာလဲ"

ရုတ်တရက်ထွက်ပေါ်လာတဲ့အသံကြောင့် ကြည့်လိုက်မိတော့ ခမ်း ရင်ခွင်ထဲက သခင်လေးက ခပ်ယဲ့ယဲ့လေးပြုံးပြနေလေရဲ့ ..

" တော်သေးတာပေါ့ သခင်လေးက မလှုပ်တော့ လန့်သွားတာ.."

မျက်ရည်တွေကိုသုတ်ရင်း ပြောလာသည့် ပိုင်လေး..

"နာလို့ မှေးနေတာလေ ဒါ.. ဒါကအသက်နဲ့အဝေးကြီး
မင်းတို့အခု ဆရာဝန် မခေါ်မှသေမှာ
အ့ ဘယ်လိုကောင်တွေမှန်းမသိဘူး"

"ကိုယ်တို့အခုပြန်ကြမယ်နော် သခင်လေး"

ပွေ့ချီလိုက်တဲ့ ခမ်းကြောင့် ဆက် လက်တွေက ခမ်း လည်တိုင်ပေါ်ရစ်တွယ်လာပြီး ခေါင်းလေးကတော့ ခမ်း ရင်ခွင်ထဲတိုးဝှေ့နေလေရဲ့ ..

ထွက်သွားသည့် ခမ်းနှင့်ဆက် ကိုငေးကြည့်ရင်း အရုပ်ကျိုးပျက်ထိုင်ချလိုက်သည့် ပိုင်လေး..
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်းမေးရိုးတွေတင်းနေသည့်အထိအံကြိတ်ထားသည်။
သခင်လေးရဲ့သွေးတို့စွန်းထင်းနေသည့် ကြမ်းပြင်ကို ကြည့်ရင်း ရင်ဘတ်ထဲက တဆစ်ဆစ်နာလာသည်။

သခင်လေးကလည်း ခမ်းကိုချစ်သည်တဲ့လား အသက်ပေးပြီးတော့လေ ကြားလိုက်ရသည့် ကိုယ့်နားကိုသာဖြတ်ပစ်ချင်သည်။

"အား းးးးးးးးးး စောက်ရးမပါတဲ့အချစ်ရေ
ဝေးဝေးသွားပါတော့.. ရင်တွေနာလိုက်တာ အားးးးးးးးးးး"

အော်ဟစ်ပေါက်ကွဲနေသည့် ပိုင်လေးကိုကြည့်ကာ ရှင်း ပါးပြင်ထက်မျက်ရည်တစ်စက်ကြွေဆင်းလာသည်။
ပေါက်ကွဲနေသည့်ချစ်ရသူအား နှစ်သိမ့်ပေးရန် ရှင်း လည်း မစွမ်းဆောင်နိုင် မိမိကိုယ်တိုင်ကိုက ပြိုလဲနေပြီ ဖြစ်သောကြောင့်..

"တစ်ဖက်သတ်တဲ့လားကွာ"

*********

သခင်လေး လက်သွယ်သွယ်တွေကို ဖောက်ဝင်နေတဲ့ အပ်တွေကိုကြည့်ရင်း ခမ်း နှလုံးသားတစ်ခုလုံး ပဲ့ကြွေမတက်..
အပ်ကြောက်လွန်းသော ချစ်ရသူကိုယ့်ကိုကယ်ရင်း သွေးသွင်းနေရသည့်အခြေအနေအထိ မိမိကိုချစ်သည်တဲ့။

သခင်လေး၏အချစ်နှင့် ကိုယ်ကမထိုက်တန်ဘူး။တစ်နေ့ဖြစ်ရပ်မှန်တွေကို သခင်လေး သိသွားခဲ့ရင် ဘယ်လိုဖြေရှင်းရမလဲကိုယ်မသိ.. ကိုယ့်ဖေဖေကြောင့် သခင်လေးနား ချည်းကပ်ခဲ့ပေမဲ့ ကိုယ့်ရင်ခုန်သံတွေစစ်မှန်ခဲ့ပါသည်။ဤလူသားကို ရင်နှင့်အမျှချစ်ခဲ့မိသည်။

No one but you(OR)The Mafia Guys[completed]Where stories live. Discover now