Chapter 42

2.1K 73 12
                                    

အလောတကြီးဖြင့် မြန်မြန်ထွက်သွားသော ခမ်းသည် အခန်းတံခါးနားရှိနံရံတွင် ကပ်နေသော လူသုံးယောက်ကိုမူ မြင်မသွားခဲ့ပါ။

"အခု...ငါတို့ကချောင်းပြီး နားထောင်မိတာလား"

ခေါင်းကိုကုတ်ကာပြောနေသော ရေလှိုင်းအမေးကို အင်းတစ်လုံးဖြင့်သာ ရှင်းတုန့်ပြန်မိသည်။

"သခင်လေးက ဘာဖြစ်ချင်နေတာလဲ...မချစ်တာလဲ မဟုတ်ဘဲနဲ့"

"သူ့ကိုနားလည်နိုင်တဲ့သူရှိရင် ခေါ်လာပေးစမ်းပါကွာ...ထိုင်ကန်တော့ချင်လို့"

"အေးလေ...ငယ်ငယ်လေးထဲက အတူရှိလာတဲ့ မနဲ့ရှင်းတောင် သူ့ကိုနားမလည်နိုင်ဘူး"

တကယ်ကိုနားလည်ရခက်တဲ့ ကောင်လေး။ချစ်နေပါလျက်နဲ့ တွန်းလွှတ်နေပြန်ပါပြီ။

"ပိုင်လေး..ရေလှိုင်းကိုခေါ်ပြီး ပြန်တော့ မင်းတို့
့နောက်ကျနေပြီ"

လက်ထပ်ပြီးကတည်းက ပိုင်လေးလည်း မအိမ်မှာပဲ လိုက်နေဖြစ်တော့သည်။မနက်ကနေ ညအထိ ဒီအိမ်မှာပဲနေပြီး အိပ်ချိန်လေးသာ အိမ်ပြန်လေ့ရှိသည်။

"အင်း...ကျွန်တော်တို့ပြန်မယ် သခင်လေးကို နည်းနည်းမေးပါအုန်းDရယ်....ဘာဖြစ်လို့လဲလို့"

"အင်း...ကိုယ်မေးကြည့်ပါမယ်..ရေလှိုင်းကိုသာဂရုစိုက် အပျိုလေးလို ဖလန်းဖလန်းထနေတယ်...ထိန်းဦး"

"ဟားဟား..မကတော့ အဲ့လိုပါပဲ"

"ရှင်း.."

"ဟာ..တိုးတိုးနေ သွားပြီ ဆက်ကြားသွားပြီ...သွားသွား...ပြန်တော့"

"အင်း...သွားပြီ"

ပိုင်လေးတို့စုံတွဲ ထွက်သွားတော့မှ ရှင်းအခန်းထဲဝင်လိုက်ပြီး ဆက်နှင့်မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။

"ဘာလို့အဲ့လိုလုပ်ရတာလဲ"

"မင်း....ဘယ်တုန်းကချောင်းပြီးနားထောင်တက်သွားတာလဲ"

" မတော်တဆပါကွာ"

"ရှင်း...ဟန်ရှင်းကိုချစ်လား"

"အင်း"

"သူနဲ့ငါနဲ့ယှဉ်ရွေးရမယ်ဆို မင်းဘယ်သူ့ကိုရွေးမလဲ"

No one but you(OR)The Mafia Guys[completed]Where stories live. Discover now