Chapter 26(uni)

3.9K 182 14
                                    

*ပြထားတာengလိုလို့သဘောထားပေးပါ
................................................

တစ်ဖြည်းဖြည်းနဲ့သခင်လေးမျက်နှာနားနီးကပ်လာသောကိုယ့်စိတ်ရိုင်းတွေကိုဘောင်းဘီအိတ်ထဲကတုန်ခါလာသောဖုန်းသံကရပ်တန့်စေသည်။

"အင်း..D ဘာဖြစ်လို့လဲ"

"ဆက်ကိုဖုန်းခေါ်တာမကိုင်လို့ဆက်လိုက်တာ"

"ခုနကသခင်လေးကဖုန်းကိုအခန်းထဲထားခဲ့လို့....အခုကမူးပြီးအိပ်နေပြီ"

"အင်း...စောင်သေချာခြုံပေးထားနော်....သောက်ထားတဲ့ရက်တွေမှာအအေးမိရင်သူဖျားတတ်တယ်...အဲ့မှာအရမ်းအေးလို့ဂရုစိုက်ပေး"

"စိတ္ခ်ပါ"

"အင်း...မနက်ဖြန်ကျရင်ဆက်ကိုပြောလိုက်ပါ...Koreaကေနmailဝင်လာတယ်....နောက်သုံးရက်နေရင်Soul Mafia Bossရဲ့သားWeddingရှိတယ်လို့....အဲ့တာသွားမှဖြစ်မှာမလို့ပြန်လာခဲ့တော့လို့....ကျန်တာတွေကိုကိုယ်နောက်မှဆက်စစ်လိုက်မယ်ပြောလိုက်ပါ"

"ပြောလိုက်ပါ့မယ်ဗျာ"

"အင်း..မင်းလည်းဂရုစိုက်ပါရာသီဥတုအေးတယ်"

"အင်း"

ပြတ်တောက်သွားသောဆက်သွယ်မှုပြီးသည့်နောက်ပိုင်လေးခေါင်းကိုခါလိုက်ကာသက်ပြင်းမောတစ်ခုကိုချမိသည်။လက်ရှည်တစ်ထည်ဆွဲထုတ်ကာဗလာကျင်းနေသောသခင်လေးအပေါ်ပိုင်းကိုဖုံးအုပ်ပေးရသည်။စောင်ကိုရင်ဘတ်ပေါ်အထိဆွဲခြုံပေးကာသေချာနေရာချရသည်။လက်နှစ်ဖက်ကိုဆွဲယူကာရင်ဘတ်ပေါ်မှာစုတင်ပေးထားလိုက်ပြီးနောက်ထိုလက်ဖမိုးလေးကိုဖွဖွလေးနမ်းမိသည်။ဖွဖွလေး....တကယ့်ကိုမှဖွဖွလေးရယ်။အိမ်တွင်းစီးဖိနပ်ကိုချွတ်ပေးပြီးနောက်ခြေအိတ်ဖြူလေးကိုပါဆွဲချွတ်လိုက်တော့သွေးကြောစိမ်းတွေယှက်ဖြာနေသောခြေဖမိုးတွေကအစလှရက်လွန်းသည်။ဆံစမှခြေဖျားထိတိုင်အလှတရားများစိမ့်ဝင်နေသောဤလူသားသည်ကျွန်တော်နှင့်နည်းနည်းလေးမျှမသက်ဆိုင်ပါလေ။

ကျွန်တော်တကယ်ခင်ဗျားကိုမနာလိုဘူးခမ်းရဲ့....
ချစ်ကြတာခြင်းတူတယ်ခင်ဗျားမှာမှပိုင်ရတယ်.....

***************************
တစ်လတာသွားရန်စီစဉ်ထားသောခရီးစဉ်ကိုရက်ပိုင်းဖြင့်အဆုံးသတ်ကာပြန်လာခဲ့ရသည်။မနက်ဖြန်Soulကိုသွားရမည့်အတွက်နည်းနည်းပါးပါးပြင်ဆင်ရန်ကားသော့ကိုဆွဲကာထွက်ခဲ့သည်။

No one but you(OR)The Mafia Guys[completed]Where stories live. Discover now