Chapter 3(uni)

15.8K 724 8
                                    


ဦးစည်သူနဲ့အပေးအယူလုပ်ပြီးနောက် ပိုင်လင်းစက်ဆီ သွားဖို့ ဆက် ခြေလှမ်းတွေနှေးကွေးနေခဲ့တယ် ။ဘာကြောင့်မှန်း မသိပေမဲ့ဒီကောင်လေးကိုမျက်နှာချင်းဆိုင်ရမှာ အားနာတယ် ကိုယ်သိပါတယ်...... သူ့မှာအပြစ်မရှိမှန်း
ဒါပေမဲ့သူ့အဖေကိုလက်စားချေနိူင်မယ့်တစ်ခုတည်းသော
အားနည်းချက်က သူပဲရှိတာမလို့ မဖြစ်မနေလုပ်နေရတာ...

တံခါးကိုဖွင့်ပြီး အခန်းထဲဝင်လိုက်တော့
မျက်ရည်စက်လက်နဲ့ပြောလာတဲ့သူ

"အကို...ကျွန်တော့်ကို အိမ်ပြန်ပို့ပေးပါ"

ဖြောင်းခနဲမြည်သံနှင့်အတူ လည်ထွက်သွားတဲ့ သူ့မျက်နှာ..အခုသူ့ကို ရိုက်လိုက်တာမလား။
ချောလွန်းတဲ့သူ့မျက်နှာလေးပေါ်က ဒေါသထွက်နေဟန်ရဲရဲနီနေ၏။

"အခုချိန် ငါပြန်ပို့ပေးမယ်ဆိုရင်တောင် မင်းမှာပြန်စရာ
အိမ်မရှိတော့ဘူး စိတ်ကူးယဉ်မနေနဲ့"

အိမရွိဘူး...ဟုတ္လား...ဖြစ်နိူင်တာကျွန်တော့မှာ
ဒယ်ဒီရှိသေးတယ်လေ...

"ပြန်ပို့ပေးပါ"

လို့ပိုင်လေးပြောလိုက်တော့
သူကမဲ့ပြုံးလေးပြုံးလိုက်ပြီး ပိုင့်ဆီကို သူ့လက်ထဲက
စာရွက်လိပ်လေးပစ်ပေးလိုက်ပြီး

"မင်းမျက်လုံးနဲ့သေချာအတည်ပြုလိုက်ပါ
မင်းသိပ်ချစ်တဲ့မင်းဒယ်ဒီကဘယ်လို
လူမျိုးလဲဆိုတာကိုလေ"

"ကျွန်တော်မယုံဘူး ဒယ္ဒီက ကျွန်တော့်ကိုအရမ်းချစ်တာ
ဘယ်လိုလုပ်ဖြစ်နိိူင်မှာလဲ မညာပါနဲ့ဗျာ"

"မင်းမကြားဖူးဘူးလား ကမ်ဘာမီးလောင်
သားကောင်ချနင်းဆိုတဲ့စကားပုံကိုလေ....
မင်းအဖေလည်းသူ့ကမ်ဘာမီးလောင်နေလို့ဖြစ်မှာပေါ့....
အဲ့တာကြောင့်မင်းကို ငါ့ဆီမှာဈေးကြီးကြီးနဲ့
ရောင်းစားသွားတာလေ.... မင်းသိပါတယ် လူတွေကညာတတ်ပေမယ့် စာချုပ်ပေါ်က မင်းအဖေလက်ရေးနဲ့လက်မှတ်ကတော့ မညာတတ္ဘူးဆိုတာ"

"ဘာလိုချင်တာလဲခင်ဗျာ...စာတစ်ခုကအတင်းအကြပ်စေခိုင်းလို့ရတာ ကျွန်တော်သိပါတယ်.....ကျွန်တော်ကအရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ပါ....ဒယ်ဒီဘယ်လိုပဲဖုံးကွယ်ထားပါစေ....သူ့အလုပ်ကိုကျွန်တော်ရိပ်မိပါတယ်...အကိုနဲ့ဘာကိစ္စဖြစ်ထားလို့လဲ"

No one but you(OR)The Mafia Guys[completed]Where stories live. Discover now