Chapter 38

1.8K 77 17
                                    

သခင်လေးကို ခုံတန်းလေးပေါ် သေချာနေရာချပေးပြီးတော့မှ ဆရာဝန်နှင့် စကားပြောရန်ပြင်သည်။သခင်လေးအပေါ် လုပ်လိုက်သည့် အပြုအမူကို ထူးဆန်းသလိုကြည့်နေပေမဲ့ ဘာမှတော့ ဝင်မပြောပေ။

"နှလုံးအစားထိုးဖို့က ၄၅မိနစ်အတွင်း ရအောင်လုပ်ပေးမယ်"

"ဘယ်လို အဲ့အချိန်အတွင်း ဘယ်လိုရမလဲ"

"ဘယ်လိုပဲရရပါ ဒေါက်တာတို့တာဝန်က လူနာကိုကုပေးဖို့ပဲ"

"မဟုတ်သေးဘူး နှလုံးရရင်တောင် သေချာပေါက်အသက်ရှင်မယ်လို့ အာမမခံနိုင်ဘူး "

"ဘာ.."

"မင်းလည်းသိမှာပါ မြန်မာနိုင်ငံမှာ နှလုံးအစားထိုးတယ်ဆိုတာ မရှိသလောက်ကိုရှားပါတယ်.. စက်ထည့်တာလောက်ပဲ ထွန်းကားသေးတာဆိုတော့ ဒီမှာရှိတဲ့ ဆရာဝန်တွေအကုန်လုံး ဘယ်သူမှ အစားထိုးခွဲစိတ်မှုကို မလုပ်ဖူးသေးဘူး... ငါတို့ကလေ့လာထားတယ်ဆိုပေမဲ့ အတွေ့အကြုံမရှိတာကြောင့် ရာနှုန်းပြည့် အာမမခံနိုင်ဘူးလေ..... မကုရင်လည်းသေမှာ...ကုရင်လည်း အာမခံမရှိဘူး...မင်းတို့စွန့်စားမှာလား"

Demo ခေါင်းထဲ အရေးပေါ် အချက်ပေးခေါင်းလောင်းတွေ မြည်လာသလိုခံစားရသည်။လေပူတစ်ချို့ကို မှုတ်ထုတ်ကာ တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်ရင်း ဘာဆက်လုပ်ရမလဲဆိုတာ အသည်းအသန်စဉ်းစားနေရပြီ။မဖြစ်ဘူး သေလို့ကတော့ မဖြစ်ဘူးမလား။သူသေရင် အကုန်ပြာကျမှာ

"ကျွန်တော်တို့တစ်ခြားနေရာကို ပြောင်းလို့ရမလား"

"မရဘူး....အခြေအနေပိုဆိုးသွားလိမ့်မယ် အခုက နှလုံးဘေးမှာ သွေးအိုင်နေပြီ... ငါတို့စုပ်ထုတ်ထားဖို့လိုတယ်"

"ကြာပါတယ်ဗျာ....ခင်ဗျား ကျွန်တော်နဲ့လိုက်ခဲ့"

ဒေါက်တာ့လက်ကို အတင်းဆွဲခေါ်လိုက်သည်။

"ဟေ့ကောင်...ဘာ...ဘာလုပ်တာလဲ"

"နှလုံးသွားယူမလို့ လိုက်ခဲ့...ပြီးရင်ကိုက်ညီတဲ့ နှလုံးကိုလိုက်ထုတ်ပေး"

"မလိုက်ဘူးကွာ....မင်း...မင်း ဘယ်ကနှလုံးကိုထုတ်မှာလဲ...ဥပဒေနဲ့မလွတ်ကင်းတာတွေ ငါမလုပ်ဘူး"

No one but you(OR)The Mafia Guys[completed]Donde viven las historias. Descúbrelo ahora