Chapter 31(uni)

3.5K 171 10
                                    

"ဘာလို့စေ့စပ်မှာလဲ"

အခန်းထဲထိကို ရှင်းကအသည်းအသန်လိုက်မေးသည်။

"ခမ်းအတွက် ငါသူ့ကိုကာကွယ်ရမယ်"

"မင်းအပေါ် သူမကောင်းဘူးလေ"

"အဲ့တာသူ့ကိစ္စ...ငါကတော့သူ့နားမှာ အန္တရာယ်အငွေ့အသက်တောင် ရှိမနေစေချင်ဘူး"

" အဲ့လောက်ချစ်နေပြီးတော့ သူ့လောက်မချစ်သလိုနေပြနေသေးတယ်"

"ချစ်သမျှကိုလှစ်ပြဖို့်လိုလို့လား"

ပြောပြီးတာနဲ့ ကုတင်ပေါ်ပစ်လှဲသွားပြီ။

"ဆက်. ....လက္ထပ္တာက အလျင်စလိုဆုံးဖြတ်ရမယ့်ဟာ မဟုတ္ဘူး"

"ငါသိတယ် ...ငါနားချင်ပြီ ရှင်း"

အခန်းတံခါးကို ပိတ်ပေးပြီး ထွက်လာခဲ့လိုက်သည်။
ဆက်ကတော့ လုပ်ချင်ရာ လျှောက်လုပ်နေတော့တာပဲ....

Koreaမွ ပြန်လာသည့်အချိန်တွင် သြားကာစကလို သုံးယောက်ထဲ မဟုတ်တော့ပေ။ ဟန်ရှင်းရော သခင်လေးရဲ့သတို့သမီးလောင်းလေး ဟန်ယွန်းလည်း ပါလာခဲ့ကြသည်။

ဟန်ရှင်းကိုတော့ လုပ်ငန်းနဲ့ပက်သက်ပြီး အတွေ့အကြုံရအောင်လွှတ်လိုက်ခြင်းဖြစ်သည်။

**********

အခုတော့ခမ်းလည်း ရန်ကုန်ပြန်ရောက်နေခဲ့ပြီ။အတင်းဖမ်းထားသော မေ့ဆီမှ ဘယ္လိုမွ ထွက်ပြေးလို့မရခဲ့။မည်မျှပင်အတိုက်အခိုက်ကျွမ်းကျင်စေကာမူ ထူထပ်စွာချထားသော အစောင့်အကုန်လုံးကိုတော့ ခမ်းလည်းရင်မဆိုင်နိုင်ခဲ့။မိုက်ရူးရဲနဲ့ဇွတ်တိုးရင်တော့ ရနိုင်ပေမဲ့ သေချာဆုံးဖြတ်ရသည်။နောက်ဆုံးတော့သဘောတူညီမှုတစ်ခုနှင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

"Demo. ..ကိုယ်သခင်လေးဆီသွားမယ်....ကားအဆင်သင့်ပြင်ထား"

"ဟုတ်ကဲ့....သခင်လေး"

အပြာနုရောင်လက်ရှည်နှင့် ဂျင်းပြာဘောင်းဘီတစ်ထည်ကို တွဲဝတ်လိုက်တဲ့အခါ ပုံမှန်ထက်ပိုပြီး ကြည့်ကောင်းနေတဲ့ခမ်းက ဆံပင်တွေအားလုံးကို နောက်လှန်ဖီးထားတာကြောင့် ပိုပြီးခန့်နေသည်။

No one but you(OR)The Mafia Guys[completed]Where stories live. Discover now