Chapter 8 (uni)

6K 337 17
                                    

Uni

ခမ်းလည်း ရှင်း ဆိုတဲ့တစ်ယောက်ခေါ်တဲ့နောက်ကို
Luggageဆွဲပြီးလိုက်ခဲ့ရသည်။

"ဒါ မင်းနေရမယ့်အခန်းပဲ ဟိုဘက်ကပ်ရပ်က သခင်လေးအခန်း ....မျက်နှာချင်းဆိုင်ကငါ့အခန်း
လိုတာရှိရင်ပြော"

"25"

"25 က ဘာကိုပြောတာလဲ"

"ကိုယ့်အသက် မင်းကတော့ကိုယ့်ထက်နည်းနည်းငယ်
မယ်ထင်တယ် ရှင်း"

"2နှစ်ငယ်တယ် ခမ်း..အသက်မသိလို့
ကျွန်တော်စကားပြောတာရိုင်းသွားရင် sorry"

"ရပါတယ်"

"အဲ့တာဆိုနားတော့လေ တစ်ခုတော့ သတိပေးမယ်နော် ဆက် ကိုတော့ သေချာစောင့်ရှောက်ပေးပါ
သူ့ကိုထိခိုက်အောင်လုပ်တဲ့သူ ဘယ္သူမဆို
အသက်ရှင်ခွင့်ဆိုတာလုံးဝမရှိခဲ့ဖူးဘူး"

"ဟုတ်ပါပြီကွာ"

အပြုံးလေးနဲ့သတိပေးသွားတဲ့ ရှင်းက
ကိုယ့်ကိုစောင့်ကြည့်နေမှာလို့သတိပေးသွားတာဆိုတာ
ခမ်း နားလည်ပြီးသားပါ။ ဟက်.. ကလေးတွေကများ
မင်းတို့ကိုယ့်နောက်မှလူဖြစ်တာပါကွာ။

အခန်းထဲကကုတင်ပေါ်ခြေပစ်လက်ပစ်လှဲချရင်း
ပြုံးမိသည် ။ဟိုဖက်ခန်းမှာက ကိုယ့်နှလုံးသားလေး နေတာတဲ့လေ ...နံရံလေးကိုလက်နဲ့ကိုင်ရင်းပြုံးမိသည်။ဘာဖြစ်ထားမှန်းမသိပေမဲ့သူ့မျက်နှာနဲ့လက်တွေမှာပွန်းပဲ့ထားတဲ့ဒဏ်ရာတွေကြောင့် စိုးရိမ်မိတာအမှန်..

မင်းနဲ့ကိုယ့်ကြား အခုတော့နံရံလေးခြားနေသေးတယ်။
မကြာခင်မှာ ကိုယ်ဖယ်ပြစ်နိုင်အောင်ကြိုးစားမှာပါ။
မင်းကိုတော့အပိုင်ရမှဖြစ်မှာမလို့ ..သူများတွေ သိပ်ကြောက်ကြတဲ့ သခင်လေးစေတန်ကိုမှ
ချစ်မိသွားတဲ့ကိုယ်ဟာ ကိုယ့်သေတွင်းကိုတူးနေသလို
ဖြစ်ချင်ရာဖြစ်ပါစေ ...Dreamကိုဝင်လာကတည်းက
ကိုယ့်အသက်က မင်းအပိုင်မလို့ တစ်နေ့တော့ မင်းကိုသိပ်ချစ်ကြောင်းဖွင့်ပြောမှာပါ။

မင်းဒေါသထွက်လို့သတ်ရင်လည်းအသေခံပြီး
ချစ်မယ့်သူပါ ။အချစ်ကိုကစားစရာတစ်ခုထက်ပိုပြီး သဘောမထားခဲ့တဲ့ကိုယ်ကလည်း မင်းနဲ့မှ ပက်ပက်စက်စက်ပြန်အချေခံရတော့တာပါပဲလားကွာ...

No one but you(OR)The Mafia Guys[completed]Where stories live. Discover now