Chapter 14(uni)

4.8K 286 4
                                    

"ငါမင်းကိုမုန်းတယ်
ငါမင်းကိုအရမ်းမုန်းတယ်"

နားထဲမှာဆက်တိုက်ကြားနေရသောထိုအသံတွေကြောင့်

"ဟင့်အင်း မမုန်းပါနဲ့ ကျွန်တော့်ကိုမမုန်းပါနဲ့"

ထိုသို့အော်ဟစ်ကာနိုးထလာမိသည်။အိပ်မက်ထဲထိတောင် ခြောက်ခြားနေမိပြီပဲ။ပါးနှစ်ဖက်ကိုစမ်းမိတော့မျက်ရည်တွေနှင့်ရွှဲနေသည်။

"သြော် ငိုနေခဲ့မိတာပဲ"

အိပ်ယာထဲမှထွက်ကာ ခမ်းရဲ့အခန်းဆီထွက်လာခဲ့သည်။

"ရတယ် မင်းတို့သွားနားတော့"

အခန်းရှေ့တွင်စောင့်နေသောနှစ်ယောက်ကိုထွက်သွားခိုင်းလိုက်သည်။

အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ ပက်လက်လေးရှိနေတဲ့သူက သွေးအလိမ်းလိမ်းနဲ့မေ့မြောနေတုန်းပါ။ကိုယ့်ခွင့်ပြုချက်မရှိဘဲ ဘယ်သူကူညီရဲမှာလဲ။

နဖူးပေါ်ကဆံပင်တွေကိုသပ်တင်ကာ နဖူးပြင်ကိုဖွဖွလေးနမ်းလိုက်သည်။မြင်နေရတာနဲ့တင် ရင်ထဲမှာနင့်စို့နေပြီး နာကျင်နေရသည်။

အင်္ကျ ီကြယ်သီးတွေကို တစ်လုံးခြင်းဆွဲဖြုတ်နေတဲ့ ဆက်လက်တွေက တုန်ယင်နေတယ်။ဟင်းလင်းပွင့်သွားတဲ့ ရင်ဘတ်ပေါ်က စုတ်ပြတ်သတ်နေတဲ့အရှိုးရာတွေကို မြင်ရတော့လည်း ဒီကောင်ရင်နာရတာပါပဲ။

"ခင်ဗျားသိလား....ကျွန်တော်ကဒေါသကြီးတယ်
ပြီးတော့ အမှတ်လည်းမရှိဘူး...နာကျင်ရကောင်းမှန်းလည်းမသိပြန်ဘူး"

တဘက်တစ်ထည်ကိုရေစွတ်ပြီး သွေးတွေကိုသုတ်ပေးနေတော့လည်း မေ့မြောနေသူက ငြိမ်သက်လျက်ပါဘဲ။သတိမလည်တဲ့အထိကို ရိုက်မိတာပဲ၊အရက်ဝင်သွားရင် ကျွန်တော်ကသွေးဆိုးတယ်ဗျာ...

"ခင်ဗျားမမှားပါဘူး ခင်ဗျားကိုချစ်မိသွားတဲ့ ကျွန်တော်ပဲမှားတာ....ယုံကြည်မိတာလည်း ကျွန်တော့်အမှား...သံသယတောင်မဝင်မိတဲ့အထိ အနေတာလည်း ကျွန်တော်ပါဘဲ"

တိတ်တိတ်လေးပဲဒဏ်ရာတွေကို ဆေးထည့်ကာ အဝတ်အစားလဲပေးခဲ့ပြီးပြန်ထွက်လာခဲ့သည်။

"မနက်လောက်ဆို ခင်ဗျားပြန်နိုးလာမှာပါ"

*********
"ခုလောက်ဆို သတိရလောက်ရောပေါ့"

No one but you(OR)The Mafia Guys[completed]Where stories live. Discover now