Chapter 40(uni)

3.9K 177 7
                                    

ဆေးရုံခန်းထဲက ကုတင်ပေါ်မှာ အောက်စီဂျင်ပိုက်တန်းလန်းနဲ့ သတိပြန်မလည်လာသေးတဲ့သူကို CCTVကနေကြည့်ကာ ဒေါသတွေအလိပ်လိုက်ထွက်လာသည်။မကာအိုမှာ ခေါင်းဆောင်အသစ်ခန့်ပြီး 
နောက်တစ်ရက်မှာ လုပ်ငန်းတွေ လိုက်စစ်ဖို့ရှိပေမဲ့ သခင်လေးပျောက်နေတယ် ဟူသော E mailကြောင့် ချက်ခြင်းထပြန်လာပေမဲ့ အချိန်မမှီတော့။ဆက်ကတော့ ဆေးရုံကနေ စောင့်ကြိုနေခဲ့ပြီ။

"ခွပ်......ခင်ဗျား အရမ်းများနေပြီ သည်းမခံနိုင်တော့ဘူး"

ခမ်းရဲ့ မျက်နှာတည့်တည့်စီ ပြေးဝင်လာသော လက်သီးချက်ကြောင့် နှုတ်ခမ်းထောင့်စွန်းတွေ သွေးစို့သွားသည်။မဲ့ပြုံးတစ်ခုကို တပ်ဆင်လိုက်ပြီး လက်ရည်တူသည့် လက္သီးတစ္ခ်က္ကို ပိုင်လေးနှုတ်ခမ်းတည့်တည့်ကို ပစ်ကျွေးလိုက်သည်။
"ခွပ်"

"ကိုယ္ကေရာ မင်းကိုသည်းခံနိုင်တယ်ထင်နေလား သခင်လေးမျက်နှာကြောင့်သာ မင်းအသက်ရှင်နေတာကွ"

"ဟေ့ကောင် မင်းကဘာလဲ "

ဘေးကနေဝင်ပြောလာသော Demoကို ဝင်မပါရန်အမိန့်ပေးလိုက်သည်။

"ဘေးဖယ်နေလိုက် Demo"

"ခင်ဗျားသိလား သခင်လေးက ခင်ဗျားကြောင့် စုတ်ပြတ်သတ်နေပြီဆိုတာ....ဟမ်...မြင်လား ခင်ဗျားသိရဲ့လား"

" သခင်လေးက ဘာတွေစုတ်ပြတ်နေလို့လဲ" 

"ခင်ဗျားကို ဓါးနဲ့ထိုးလိုက်တဲ့နေက သူဘာလုပ်တယ်ထင်လဲ"

စကားကို ခဏရပ်ပြီး ပိုင်လေးက နဖူးကဆံပင်တွေကို စိတ္ပ်က္စြာ သပ်တင်ပြီး စကားဆက်သည်။

"သူ့လက်ထဲမှာ ဘလိတ်ဓါးတွေ ထည့်ပြီး လက္သီးကို အတင်းဆုပ်ကိုင်ထားခဲ့တယ်....ဓားတွေကအပိုင်းပိုင်းကျိုးပြီး သွေးကြောတွေပြတ်ထွက်ကုန်တယ်...လက်ခုံကနေဓားကျိုးတွေ ခြဲထြက္လာတဲ့အထိ သူ့ကိုယ်သူအပြစ်ပေးခဲ့တယ်....လက္ဖဝါးတစ္ခုလုံး သွေးစိမ်းရှင်ရှင်ကျနေခဲ့ပေမဲ့ သူ့ကိုယ်သူအပြစ်ပေးတာ မရပ်ခဲ့ဘူး...အပ်ကိုအရမ်းကြောက်တဲ့ သခင်လေးကနေ လက်မှာဗလပွဖြစ်နေတဲ့ ဒဏ်ရာတွေကို အစိမ်းချုပ်ခဲ့တာဗျ...သူနာကျင်မှုကို အရမ်းလိုအပ်နေလိုပါတဲ့"

No one but you(OR)The Mafia Guys[completed]Where stories live. Discover now