Chapter 16(uni)

4.8K 254 9
                                    

"Dရေ..ညကသခင်လေးပြန်မလာဘူး"

မနက်စာထမင်းဝိုင်းဝယ် ပျောက်နေသောသူကြောင့်အကုန်ပြာယာခတ်နေကြပြီ။နောက်ကျတာဟုထင်ခဲ့သော်လည်းပြန်ရောက်မလာခဲ့ဘူးတဲ့လား။

"သွားရှာ..အခု
တွေ့တဲ့နေရာမှာရအောင်ခေါ်ခဲ့"

"သွားမယ်ပိုင်လေး ကိုယ်တို့လည်းလိုက်ရှာရအောင်"

မနက်ခင်းမှာ သခင်လေးပျောက်နေတာကြောင့်
အားလုံးလိုက်ရှာနေသည်မှာနေရာအနှံ့။

"ဖုန်းလည်းထားခဲ့တော့ခြေရာခံလို့လည်းမရတော့ဘူးကွာ"

ရှင်းတစ်ယောက်ဆံပင်ထဲလက်တွေနှင့်ထိုးဖွရင်းညီးသည်။ခေါင်းတစ်ခုလုံးပူထူကာ ဘာမှစဉ်းစားမရတော့။

"ခမ်း ဆီများသွားလားမသိဘူးနော်D"

"ဖြစ်နိုင်တယ် Rayကို သွားရအောင်
ဖမ်းများထားလားမသိဘူး"

ထို့နောက် ရှင်းနှင့်ပိုင်လေးစီးလာသော ကားလေးမှာ Rayစံအိမ်ဆီသို့ထွက်ခဲ့တော့သည်။

********
စာတစ်စောင်နှင့်အတူ အလောင်းတစ်လောင်း Spiderခေါင်းဆောင်ဆီရောက်လာသည်။မိမိ၏ဦးလေးဖြစ်သူ၏အလောင်း..သတ်တဲ့သူကproကျသည်။အသေသတ်ပြီးသွေးအေးပုံရသည့်killerဖြစ်မည်။မိမိကိုသတ်ချင်နေသော်လည်း ဦးလေးအရင်း ဖြစ်တာကြောင့်မသတ်ပဲ အသက်ရှင်ခွင့်ပေးထား သော်လည်း သူ့စရိတ်နှင့်သူသွားရှာပြီ။

"အလိုက်သိမှုကိုကျေးဇူးတင်ပေမဲ့ ကမ်းလှမ်းမှုကို ငြင်းတဲ့အကြောင်း အကြောင်းပြန်လိုက် Spiderကဘယ်သူနဲ့မှမပူးပေါင်းဘူး"

"ခေါင်းဆောင်! Rayကလည်းနာမည်ကြီးတဲ့ဂိုဏ်းပဲ မိတ်ဖွဲ့ထားတာကောင်းမယ်နော်"

"စိတ်မဝင်စားဘူး"

စကားကိုခပ်ပြတ်ပြတ်ပြောကာထွက်သွားသည့်
Spiderခေါင်းဆောင် ဇွဲလက်ရုံး.. ခန့်ညားသည့်ရုပ်သွင်ရှိပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်သည့်အသက် ၃၂နှစ်အရွယ်အမျိုးသား..
လွန်ခဲ့သော 10နှစ်ခန့်က Dreamရဲ့ အရင်ခေါင်းဆောင် ဖျက်စီးပစ်ခဲ့သော ဂိုဏ်းရဲ့ကျန်ခဲ့သောမျိုးဆက်..10နှစ်အတွင်း Spiderဂိုဏ်းဟူပြီး ဂိုဏ်းသစ်တည်နိုင်ခဲ့ သော ထက်မြက်ပြီးဝီရိယရှိသည့် လူငယ်တစ်ယောက် ပင်ဖြစ်သည်။

No one but you(OR)The Mafia Guys[completed]Where stories live. Discover now