Chapter 23(uni)

4K 207 12
                                    


"တောက်စ်"

သခင်လေးကို တွေ့ရန်လာခဲ့သည့် ခမ်းတစ်ယောက် ရေကူးကန်ဘေးမှာတွေ့လိုက်ရသောအခြေအနေကြောင့်
သွေးတွေပါခဲသွားသယောင် တောင့်တောင့်ကြီးဖြစ်ကာ ကားကိုထိုးရပ်လိုက်သည်။မျက်လုံးတွေကား ထိုမြင်ကွင်းဆီမှမခွာနိုင်။ကိုယ်ချစ်ရတဲ့သူဟာ ရှင်းရင်ခွင်ထဲမှာနစ်မြုပ်နေပြီး သခင်လေးလက်တွေက ရှင်းကျောပြင်ပေါ်မှာ

သခင်လေးရာ ရက္စက္လိုက္တာကြာ
ကိုယ့်နောက်ကွယ်မှာ....မမေ့လိုက်နဲ့လေကွာ သူကသခင်လေးရဲ့အချစ်ဦးကွ...မင်းကတော့အစားထိုးခံပဲဖြစ်မှာပါကွာ။

ကားကိုရေးကူးကန်နားထိခပ်ကြမ်းကြမ်းမောင်းသွားကာဆင်းလိုက်ကာကားသံကြောင့်ဖက်ထားတာကိုခွာလိုက်ပြီးကြည့်နေသောရှင်းဆီကိုလျှောက်သွားလိုက်ပြီး

"ခွပ်"

မျက်နှာပေါ်သို့ို့လက်သီးတစ်လုံးပစ်သွင်းလိုက်တာကြောင့်
ချက်ခြင်းညိုမည်းစွဲလာသောနှုတ်ခမ်းထောင့်စွန်းများနှင့်နှာခေါင်းမှတစ်စက်စက်ကျလာသောသွေးများ

"ခင်ဗျား...ဘာလုပ္တာလဲ"

ကိုယ့်ရင်ဘတ်ကိုလက်နှစ်ဖက်နှင့်တွန်းထုတ်ကာအော်ပြောလိုက်ပြီးရှင်းမျက်နှာကိုလက်နှစ်ဖက်နှင့်ယူကာသေချာကြည့်နေသူသည် ကိုယ့်ရင်ကိုထပ်ခါထပ်ခါခွဲပြန်သည်။

"ရှင်း"

"ရတယ် ငါဘာမွမျဖစ္ဘူး"

ထို့နောက် သွေးတွေပေနေသော Dရှင်းမျက်နှာကို သူဝတ်ထားသောလက်ရှည်အဖြူ၏လက်အနားစလေးဖြင့်ခပ်ဖွဖွသုတ်ပေးနေသောသခင်လေးဟာ ကိုယ်ရှိနေတာတောင်သတိရသေးပါရဲ့လား။

"ရှင်း..အိမ်ထဲကိုပြန်ဝင်တော့..ငါသူနဲ့စကားပြောလိုက်မယ်"

"အင်း"

ထို့နောက် ရှင်းအိမ်ထဲပြန်ဝင်သွားတော့မှ သခင်လေးဆီကattentionကို ကိုယ်ပြန်ရသည်။

"ခင်ဗျားကဘာဖြစ်တာလဲ...ရှင်းက ခင်ဗျားထိုးချင်တိုင်းထိုးလို့ရတဲ့သူမဟုတ်ဘူး"

ကိုယ့်ကိုခပ်စူးစူးစိုက်ကြည့်ကာပြောသည်။

" ထိုးတော့ရော ဘာဖြစ်လဲ"

No one but you(OR)The Mafia Guys[completed]Where stories live. Discover now