Chapter 6(uni)

6.7K 368 0
                                    

သခင်လေးနဲ့ပြိုင်တဲ့ပွဲမှာ နိုင်ခဲ့တဲ့အတွက် Dreamရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်လာဖို့ သခင်လေးကခွင့်ပြုခဲ့သည်။လိုအပ်တာအားလုံးကို Dကသင်ပေး၏။

ပင်ပန်းပေမဲ့ ခက်ခဲပေမဲ့ သခင်လေးစိတ်ပျက်သွားအောင် မလုပ်ရဲပါ။ချွေးပေါက်ပေါက်ကျနေပါစေ...တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေပါစေ ဂရုမထားဘဲ ပြင်းပြင်းထန်ထန်လေ့ကျင့်နေဆဲဖြစ်သည်။ကိုယ်ခံပညာတော့ တတ်သင့်သလောက်တတ်ပြီဖြစ်ပေမဲ့ သေနတ်တော့လုံးဝမကိုင်ရသေးပေ။

ကျွန်တော်က သခင်လေးအားထားရတဲ့ လက်ရုံးတစ်ခုဖြစ်လာစေရမယ်။

တိတ်ဆိတ်နေတဲ့ Dream စံအိမ်ရဲ့မြေအောက်ခန်းက သေနတ်ပစ်ကွင်းမှာရှိနေတဲ့လူသုံးယောက်...

"မင်းကိုသေနတ်မကြောက်တက်အောင် အရင်လေ့ကျင့်ပေးရမယ်
ကြောက်တက်ရင် ကိုယ့်သက်တော်စောင့် ဖြစ်လာမှာမဟုတ်ဘူးနော်"

"ကျွန်တော်မကြောက်ပါဘူး"

အခြေအနေအရ သခင်လေး ဘာလုပ်ခိုင်းတော့မယ် ဆိုတာသိနေတဲ့ပိုင်လေး..သခင်လေးနားနေနိုင်ဖို့အတွက် ကြောက်တက်တဲ့စိတ်ကိုဘေးဖယ်ထားရမယ်။

အခုဆိုရင်ပိုင်လေးက အဝိုင်းပြားလေးပေါ်ရပ်နေပြီး ပါးစပ်နဲ့နှင်းဆီပန်းခိုင်လေးကိုကိုက်ထားရတာဖြစ်သည်။

"ဂျောက်"

ခလုတ်တစ်ချက်နှိပ်လိုက်သည်နှင့် ပိုင်လေးခြေထောက်အောက်က အဝိုင်းပြားလေးက ပြင်းထန်စွာလည်တော့သည်။
အခုဆိုရင်အဝိုင်းပြားပေါ်မှာပန်းခိုင်လေးကိုက်ပြီး ဂျင်တစ်လုံးလိုလည်နေတဲ့ ပိုင်လေးက သခင်လေးအတွက်တော့ ပစ်မှတ်ကောင်းပေါ့။

သေနတ်ကိုပိုင်လေးဆီကိုချိန်လိုက်တဲ့ ဆက်..

ပိုင်လေးကတော့ ကြောက်လွန်းလို့ နည်းနည်းလေးတောင် မလှုပ်ရဲ ခေါင်းတွေလည်းချာချာလည်နေပြီ။

"ဒိုင်း"

သေနတ်သံတစ်ချက်ကြားရပြီးနောက် ရပ်တန့်သွားတဲ့ လည်ပတ်မှု..
ချွေးတွေရွှဲနေတဲ့ ပိုင်လေး....
ပါးစပ်မှာကိုက်ထားတဲ့ပန်းခိုင်လေးမှာနှင်းဆီပွင့်လေးက မရှိတော့ပေ။

No one but you(OR)The Mafia Guys[completed]Where stories live. Discover now