Chapter 5 (uni)

8.7K 427 6
                                    

"ပိုင်လင်းစက်...ငါမင်းကိုပြောမယ်
မင်းအခုကိုယ်နဲ့ ချရမယ်"

"ဘယ်လိုဖြစ်နိုင်မှာလဲ ဆက်..သူကဘာမှမတတ်ဘူးလေ"

" မင်းတိတ်တိတ်နေစမ်း ရှင်း"

"ကျွန်တော်လုပ်မယ်"

"ပိုင်လေး"

ခေါင်းခါပြလာတဲ့Dကို အဆင်ပြေကြောင်းခေါင်းငြိမ့်ပြလိုက်သည်။

"မင်းဘယ်လောက်စိတ်မာမလဲ ကိုယ်ကြည့်ချင်တယ်...ပြီးတော့မှမင်းကို ဘယ်နေရာမှာ အသုံးခ်ရမလဲ ဆုံးဖြတ်မယ်
မင်းခန္ဓာကိုယ်ကမကြံ့ခိုင်သေးဘူးဆိုရင်တောင် စိတ်ဓာတ်တော့ကြံ့ခိုင်သင့်တာပေါ့ "

" သခင်လေးစိတ်မပျက်စေရဘူး"

ယောကျ်ားတစ်ယောက်မို့ သာမန်ရန်ပွဲများအနည်းငယ် ဖြစ်ဖူးသော်လည်း သခင်လေးလိုလူတစ်ယောက်နဲ့ လက်ရုံးရည်ချင်းယှဉ်ရတဲ့အခါ အပြတ်အသတ်ပင်ဖြစ်သည်။

ဆင့်ကာဆင့်ကာ အထိုးခံထားရသော နှုတ်ခမ်းများက ပေါက်ပြဲကာဖူးယောင်လာသည်။ခြေထောက်ကိုဖြတ်ကန်လိုက်သည်မို့ ခွေလှဲသွားခိုက်တွင် သခင်လေးဖိနပ်က ရင်ဘတ်တွေဗိုက်တွေဆီ တရစပ်ဝင်လာတော့သည်။

"အာ့...."

အောင့်တက်နေသောဗိုက်ကိုဖိကိုင်ရင်း ပါးစောင်မှသွေးတွေကို ထွေးထုတ်လိုက်သည်။
သခင်လေးကတော့ လက်ပိုက်လျက် ကျွန်တော့်လက်မောင်းပေါ် ခြေထောက်တစ်ဖက်တင်ထားရင်း

"မင်းအရှုံးပေးရင် ကိုယ်ရပ်ပေးမယ်..
အဲ့လိုမဟုတ်ဘဲ ကိုယ်ရပ်မဲ့အချိန်အထိ မင်းတောင့်ခံထားနိုင်ရင် မင်းနိုင်တယ်"

"အရှုံးပေးရင် ကျွန်တော်ဘာဖြစ်မှာလဲ"

"ခန္ဓာကိုယ်ကြံ့ခိုင်အောင် တိုက်ရည်ခိုက်ရည်ရှိအောင် သင်ယူလို့ရတယ်...စိတ်ဓာတ်ပျော့ညံ့နေရင်တော့ ငါ့ဖိနပ်ကိုပဲတိုက်သင့်တယ်"

"လုံးဝအရှုံးမပေးနိုင်ဘူး သခင်လေး....ကျွန်တော်က သခင်လေးအတွက် အားကိုးရတဲ့ယောက်ျားတစ်ယောက်ဖြစ်လာစေရမယ်"

နာကျင်မှုကိုအံတုကာ ကုန်းရုန်းထရင်း သခင်လေးမရပ်မချင်းတောင့်ခံထားရသည်။

No one but you(OR)The Mafia Guys[completed]Where stories live. Discover now