Chapter 37(uni)

3.8K 196 8
                                    

ဒီနေ့ကပိုင်လေးနဲ့ရေလှိုင်းတို့ရဲ့ မင်္ဂလာပွဲနေ့ဖြစ်သည်။ကြီးကြီးကျယ်ကျယ်မလုပ်တော့ဘဲ မရဲ့ဆန္ဒအတိုင်း အကျဉ်းချုံးလေးသာဖြစ်သည်။ဒီတိုင်း လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပြီး လိုအပ်နေတဲ့နေရာ တချို့မှာ လှုဒါန်းယုံလေးသာဖြစ်သည်။

မှန်တင်ခုံမှာထိုင်ကာ ပြင်ဆင်နေသူကို နောက်ကနေ မှန်ထဲကတစ်ဆင့် ကြည့်နေမိသည်။အခန်းထဲမှာလည်း make upပြင်ပေးတဲ့ မာမီတွေဖွင့်ထားသော မင်္ဂလာသီချင်းသံက တိုးတိုးလေးပျံ့လွင့်နေသည်။ဆင်စွယ်ရောင် ပိုးအချိတ်လေးနှင့် မကကျက်သရေရှိစွာလှနေ၏။ဖြောင့်စင်းနေသော ဆံနွယ်ရှည်တွေကို ကျောပြင်တစ်လျှောက် ဖြန့်ချထားတာကြောင့် နူးညံ့အိထွေးနေသော ဆံကေသာများက ကပိုကယိုနှင့် ပိုပြီးလှစေသည်။

လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပြီးသည်နှင့်တစ်ပြိုင်နက် မိဘမဲ့ဂေဟာတွေနဲ့ ဘိုးဘွားရိပ်သာတွေမှာ လိုက်ပြီးလှူဖြစ်သည်။လူဆိုးတွေဆိုပေမဲ့ အလှူအတန်းတော့ လုပ်မှဖြစ်မည်။နောက်ဘဝအတွက် ကုသိုလ်ပါလိုပါငြားပေါ့။ဒါမှမဟုတ်ရင်လည်း အနည်းဆုံးတော့ ဘဝကူးကောင်းနိုင်တာပေါ့။

ဒီနေ့ကျမှ အကုန္လုံးက ပုဆိုးလေးတွေနဲ့ ဖြစ်သည်။မြင်နေကျမဟုတ်တဲ့ပုံစံကြောင့် မြင်နေရသမျှ အသစ်အဆန်းတွေဖြစ်နေသည်။သခင်လေးက ခဲရောင်ပုဆိုးလေးကို အဖြူရောင်လက်ရှည်လေးနှင့် တြဲဝတ္ထားပုံက အကြည့်မလွှဲချင်စရာပင်ဖြစ်သည်။

သို့သော် မိမိက လက်ထပ်ပြီးသား သူတစ်ယောက် ဖြစ်နေခဲ့လေပြီ။သခင်လေးကို စူးစိုက်ပြီးကြည့်နေမိရာမှ ကိုယ့်စိတ်ကိုကိုယ်ပြန်ထိန်းကာ အကြည့်ကိုလွှဲဖယ်လိုက်သည်။ငေးကြည့်ခွင့်လေးကိုပါ တရားဝင်ဆုံးရှုံးလိုက်ရလေပြီ။

ယခုအချိန်မှစ၍ တစ်သက်လုံးဂရုစိုက်ပြီး ချစ်သွားရမယ့်သူက တစ်ယောက်ဖြစ်နေခဲ့လေပြီ။နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ ထည့်သိမ်းသွားရမယ့် ရင်ခုန်သံအပိုင်းအစလေး တစ္ခုအျဖစ္သာ ကြွင်းကျန်ခဲ့ပါစေတော့လေ။

"ဒယ္ဒီ...ပြန်တော့မယ်နော်...ကျန်းမာရေးဂရုစိုက်ပါ"

"ဟုတ်ကဲ့ဒယ်ဒီ....ကျွန်တော်က ပြန်မလိုက်နိုင်တာ ခွင့်လွှတ်ပေးပါ...ကျွန်တော် သခင်လေးအတွက် အထောက်အပံ့ကောင်း ဖြစ်ချင်တာကြောင့်ပါ"

No one but you(OR)The Mafia Guys[completed]Where stories live. Discover now