Chapter 2(Z)

11.5K 321 5
                                    

ဦးစည်သူအိမ်က ပြန်လာပြီးနောက် ရှင်းအတွေးထဲ
မကြာခဏရောက်လာတာဟိုကောင်လေး... ယောင်္ကျားလေးတန်မဲ့ကော့စင်းနေတဲ့မျက်တောင်တွေ ..မဲနက်နေတဲ့မျက်လုံးအိမ်လေးတွေနဲ့...အနီရောင်သန်းတဲ့နှုတ်ခမ်းပါးတစ်စုံကိုလည်း ပိုင်ဆိုင်ထားသေးသည်။

"ဟာ...ငါဘာတွေတွေးနေမိတာလဲ ...သူကယောင်္ကျားတစ်ယောက်ပဲကို အသိဝင်စမ်းပါ Dရှင်းရဲ့မင်းတော့ရူးနေပြီပဲ"

သူ့ဆံပင်တွေကိုလက်နဲ့ ဖွရင်းညည်းညူမိသည် ...

ရှင်း ကောင်လေးကိုတော့သနားမိသည်။သူ့မှာအပြစ်မရှိပေမဲ့ ဦးစည်သူရဲ့ သားဖြစ်နေတာကိုက ကံဆိုးတာပဲ သူ့အဖေကကျားမြှီးကိုမှသွားဆွဲထားတာဖြစ်၏။

ဒါကြောင့်မလို့ ဆက် က ကောင်လေးရဲ့အသက်ကို ပစ်မှတ်ထားလာရင် သူမရရအောင်တားရမယ်။

ညဘက်အိပ်မပျော်လို့ဝရန်တာမှာထွက်ထိုင်နေတဲ့ ဆက်..
သူ့လက်ထဲကဓာတ်ပုံလေးကိုကြည့်ပြီးဓာတ်ပုံထဲက ကောင်လေးကိုစကားပြောနေမိသည်။

"ငါ့ဘဝမှာမင်းကအရေးကြီးဆုံးပါ....
ပြီးတော့ဘာကိုမှမကြောက်တတ်တဲ့ငါက ငါ့အနား မင်းမရှိတော့မှာ အရမ်းကြောက်တယ်.... အမြဲတမ်းငါ့အပိုင်လို့တွေးထားတဲ့မင်းကို တစ်ခြားသူကို ပေးလိုက်ဖို့ငါအဆင်သင့်မဖြစ်သေးဘူး.....မင်းကလည်းအရွယ်ရလာပြီ....လက်ထပ်သင့်နေပြီ....မင်းမှာချစ်တဲ့သူရှိလာရင် ငါကပေးလိုက်ရတော့မှာ..မင်းကယောင်္ကျားတစ်ယောက်ဖြစ်နေတာမို့ရှေ့ဆက်တိုးဖို့ မဖြစ်နိုင်ဘူးလေဟုတ်တယ်မလား"

လို့မေးမိသည် ။ဒီဓာတ်ပုံလေးကို သူ့18နှစ်ပြည့်မွေးနေ့မှာ ရိုက်ခဲ့တာ ပြီးတော့ သူ့ကိုဆွဲကြိုးလေးပေးခဲ့တဲ့သူ..
ဆွဲကြိုးလေးပေးပြီး သူ့နှလုံးသားကိုပြန်ယူသွားတဲ့သူ.......

သခင်လေး ဒီနေ့ဦးစည်သူရဲ့သား
ဘန်ကောက်ကိုသွားမှာပါ'

"ဒါဆို mission စတော့"

'ဟုတ်ကဲ့သခင်လေး'

ဖုန်းဆက်ပြီးပြောလာတဲ့သူ့တပည့်တွေထဲကတစ်ယောက်..ဒီလူ သူ့သားကိုကာကွယ်ဖို့ ကြိုးစားမယ်ဆိုတာ အစထဲက ဆက် သိနေပြီးသားပဲ။ အဲ့ဒါကြောင့်သူ့ကိုစောင့်ကြည့်ဖို့ လူလွှတ်ထားပြီးသား... ထင်တဲ့အတိုင်းပဲ သူ့သားကိုအဝေးကိုပို့ဖို့စီစဉ်နေတာပဲ။

No one but you(OR)The Mafia Guys[completed]Where stories live. Discover now