Chapter 1(uni)

42.1K 1.1K 3
                                    

မိုးတွေတဖွဲဖွဲရွာနေတဲ့အချိန် Dreamစံအိမ်ရဲ့အနောက်ဘက် ခြံဝန်းကျယ်ကြီးထဲမှာ အနက်ရောင်တွေချည်းဝတ်ထားတဲ့ လူတစ်စုမတ်တပ်ရပ်နေကြသည်။

Dreamရဲ့ခေါင်းဆောင် ဦးခန့်မင်းဆက်ရဲ့ ဈာပနအခမ်းအနားကျင်းပနေချိန်ဖြစ်၏။

ကျွန်းညိုရောင်တောက်နေတဲ့ ခေါင်းတလားကြီးက ကျင်းထဲမှာငြိမ်သက်လို့.......

ကျင်းထဲကို မြေကြီးတွေပစ်ချကာ မြုပ်နှံပေးနေတဲ့ သခင်လေး၊
Dreamရဲ့ခေါင်းဆောင်သစ်ဖြစ်လာမယ့် ခေါင်းဆောင်ကြီးရဲ့တစ်ဦးတည်းသောသား သခင်လေးမင်းဆက်စေတန်...

စေတန်ဆိုတဲ့နာမည်နဲ့လိုက်အောင် ရက်စက်တဲ့သူ...
အသက်နှစ်ဆယ်လောက်ပဲရှိသေးတဲ့ ခပ်ချောချောကောင်လေး မျက်နှာကတော့အပြုံးအရယ်မရှိ တည်ငြိမ်နေလေရဲ့။

"အကုန်လုံးသွားလို့ရပြီ....ကျွန်တော်တစ်ယောက်ထဲနေချင်လို့"

တစ်ခြားသူတွေအကုန်ထွက်သွားသော်လည်း ရှင်းကတော့ရပ်ကျန်နေဆဲဖြစ်သည်။

"ရှင်း......."

"ဟင်"

"တကယ္ဆိုDaddyက ငယ်သေးတာပဲမဟုတ်လား...ဘာလို့ဒီလိုအဆုံးသတ်ရတာလဲ"

"နှစ်အတော်ကြာစီမံထားခဲ့တာပဲလေ သူကRayကလွှတ်ထားတာ"

လူယုံသတ်၍သေရခြင်းဖြစ်သည်။နှစ်အတော်ကြာ ဒယ်ဒီ့အနားနေခဲ့သူက သစ္စာဖောက်ဖြစ်လို့နေ၏။ဒယ်ဒီ့ရဲ့ PAကသစ္စာဖောက်ဖြစ်နေသည်။နေ့စဉ်ဖျော်ပေးနေကျ ကော်ဖီထဲမှာ အပျော့စားအဆိပ်တစ်မျိုးကို အမြဲထည့်တိုက်ခဲ့ပြီး အမှည့်ချွေခြွေသွားတာပဲ။သူတို့ရိပ်မိသွားပြီး ထောင်ဖမ်းဖို့ကြိုးစားတဲ့အချိန်မှာပဲ သူကခြေတစ်လှမ်းဦးပြီး လွတ်သွားတယ်။

"မင်းသေချာလား ရှင်း"

"သေချာတယ် ငါ့သံသယကိုထပ်ပြီးအတည်ပြုပေးလိုက်တာရှိသေးတယ်"

" ဘာလဲ မနေ့ကငါတို့လူတွေရောပစ္စည်းတွေရော အဖမ်းခံရတယ် သူ့ဘက်ကစပြီးလှုပ်ရှားနေပြီ"

"ဘယ္လို ငါ့ကိုအခုမှပြောတာလား"

"အေး....ဈာပနနဲ့အလုပ်ရှုပ်နေလို့ မင်းကိုစိတ်မရှုပ်စေချင်လို့ပါ"

No one but you(OR)The Mafia Guys[completed]Where stories live. Discover now