Chapter 20(uni)

4.8K 249 10
                                    

လက်ဖဝါးနှစ်ဖက်ဖြင့် မျက်နှာကိုဖိအုပ်ရင်း အော်ဟစ်ပစ်လိုက်သည်။ဒီလူကိုမသတ်နိုင်ဘူး...ဒီလူကသေလို့မရဘူးလေ

သတ်ပစ်လို့ရတဲ့ အခွင့်အရေးရှိပေမဲ့ သူနဲ့အတူရှိစဉ်က ပြုံးပျော်နေတတ်သောသခင်လေးကို ပြန်မြင်မိတော့ ပျော့ညံ့စွာ ရှုံးနိမ့်မိပြန်ပါရော။

သေပြီအထင်နှင့် မျက်လုံးပိတ်ထားသော်လည်း နာကျင်မှုတစ်စုံတစ်ရာမခံစားရဘဲ အော်သံနက်ကြီးကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ စိတ်ရှုပ်နေဟန် မျက်နှာကိုလက်ဝါးနှစ်ဖက်နှင့်အုပ်ထားသည့် ပိုင်လင်းစက်

ဘေးကိုကြည့်မိတော့မှ ခန္ဓာကိုယ်နှင့် လက်မောင်းကြားက မြေပြင်မှာစိုက်ဝင်နေတဲ့ဓား...
တကယ္ဆို ကိုယ့်နှလုံးသားတည့်တည့်မှာစိုက်ဝင်နေမည့်ဓား

္ဒီဒီကောင်ဘာသဘောလဲ။

"ဘာလို့လဲ"

"ခင်ဗျားသေရင် သခင်လေးခံစားရလိမ့်မယ်
ကျွန်တော်က သူနာကျင်ရမယ့်အကြောင်းပြချက်မျိုး
ဘယ်တော့မှအဖြစ်ခံမှာမဟုတ်ဘူး...အရှုံးကိုခင်ဗျားလက်ခံမယ်လို့ မျှော်လင့်တယ်"

မြေပြင်မှာစိုက်နေသော ဓားကိုဆွဲနှုတ်ပြီး ပိုင်လင်းစက်ကထထွက်သွားသည်။ကွင်းတစ်ခုလုံး အံ့သြမှုကြောင့်တိတ်ဆိတ်နေ၏။ထထွက်သွားသော ပိုင်လင်းစက်၏လက်မောင်းမှကျနေသော သွေးတို့က လမ်းတစ်လျှောက်ကျကျန်ခဲ့သည်။

ကိုယ်ရှုံးသွားခဲ့ပြီ။

"တော်သေးတာပေါ့...တကယ်ကိုတော်သေးတယ်"

အခုမှရင်ဘတ်ထဲကအပူတွေလျော့သွားသည်။နှစ်ယောက်တိုက်နေကြသည့် အချိန်တစ်လျှောက် ရင်ထဲမှာမီးစနှင့်ထိုးထားသလိုပူလောင်နေခဲ့သည်။ခမ်းသေရင် ကိုယ်နာကျင်ရလိမ့်မည်ဖြစ်ပြီး ပိုင်သေရင်ရှင်းရင်နာရလိမ့်မည်။ရှင်းကိုမခံစားစေချင်ဘူး အချစ်မခံရတဲ့ကြားထဲ ချစ်ခွင့်ပါမရတော့ရင် ဒီကောင်ရူးသွားလိမ့်မယ်။

ကွင်းလယ်မှာထိုင်နေသေးသော ခမ်းကိုလက်ကမ်းပေးလိုက်သည်။

"ထေတာ့"

"ကိုယ်ရှုံးသွားပြီ သခင်လေး"

"ဒါပေမဲ့ ခင်ဗျားမသေဘူးလေ"

No one but you(OR)The Mafia Guys[completed]Where stories live. Discover now