ဧည့်ခန်းထဲမှာထိုင်နေသော အန်ကယ်လေးရှေ့မှာ ဟန်ရှင်းခြေစုံရပ်လိုက်သည်။လက်တစ်ဖက်မှာတော့ Luggageကိုဆွဲထားသည်။။ေနာက္တစ္ပတ္ဆို ကျောင်းပြန်တက်ရတော့မည်ဖြစ်သောကြောင့် ဟန်ရှင်းပြန်ရတော့မည်။
Daddy ဆန္ဒအတိုင်း ဟန်ယွန်းကတော့ အကို့ကိုဂရုစိုက်ဖို့ ကျန်ခဲ့အုန်းမှာ ဖြစ်သောကြောင့် အိမ်အပြန်ခရီးဟာ တစ်ယောက်ထဲသာဖြစ်သည်။
"အန်ကယ်လေး...သားကို ဘာမှပြောစရာမရှိဘူးလား"
"မရှိပါဘူးလေ...ရှင်းလေး ဘာပြောချင်လို့လဲ"
Hoodieအနက်နှင့် ဂျင်းပြာတစ်ထည်တွဲဝတ်ထားသော ရှင်းလေးက တစ်ကယ့်ကိုမှ နုနုနယ်နယ်လေးဖြစ်သည်။Koreaလူမျိုးပီပီ အသားအရည်က ဖြူလွန်းလှသည်။ချစ်မိသွားပေမဲ့ ဖွင့်ပြောဖို့အထိတော့ ရှင်း မရဲပါ။အသက်ချင်းက ကွာလွန်းနေသောကြောင့်ဖြစ်သည်။
"သားက အန်ကယ်လေးကို ချစ်တယ်နော်....အေပ်ာ္မဟုတ္ဘူး အတည်ကြံတာ"
ရုတ်တရက်ကြီး ချစ်တယ်ဟု ထပြောသော ရှင်းလေးကြောင့် ရှင်းအံ့သြသွားရသည်။ပရမ်းပတာဖြစ်သွားသော စိတ်ကိုပြန်ထိန်းကာ
"ရှင်းလေး...မင်းအရမ်းငယ်သေးတယ်...မင်းစိတ်ကစားတာမျိုးလည်း ဖြစ်နိုင်တယ်"
"ဟာဗ်ာ...အဲ့တာတွေခက်တာ...ငယ်သေးတာမှန်တယ်
ဒါပေမဲ့ အန်ကယ်လေးသိရမယ်....သား..အဲ မဟုတ္ဘူး...
ကျွန်တော်က ငယ်ရွယ်တာမှန်ပေမဲ့ လူတစ်ယောက်ကိုချစ်လား မခ်စ္လား ခွဲခြားတတ်တဲ့ အသိရှိနေပြီလေဗျာ"ကေလးဟု သတ်မှတ်ခံရသည်ကို မကြိုက်၍ထင်သည်။သားဟု ပြောနေရာမှ ချက်ခြင်းပင် ကျွန်တော်ဟုပြောင်းပြီးသုံးသွားသည်။
ရှင်း ဘာမှဆက်မပြောဘဲ ထိုင်နေရာမှပင် ဟန်ရှင်းကို ငေးကြည့်နေမိသည်။ရုတ်တရုတ် အပေါ်ကနေကိုယ်ကိုကိုင်းကာ ရှင်းပခုံးပေါ်ရောက်လာသော လက်နှစ်ဖက်ကို သတိထားမိသည်။အကြည့်စူးစူးတွေနှင့် ရှင်းလေးက တစ်ခါတစ်လေ အရမ်းကို ရဲလွန်းသည်။
"ချစ်တယ်...အန်ကယ်လေး...ဒီစကားကိုပဲ နောက်လေးနှစ်ကြာရင် ကျွန်တော်ထပ်ပြောအုန်းမယ်...ကျွန်တော်ကစိတ်ကစားတာ မဟုတ်ကြောင်း သက်သေပြပေးမယ်"
YOU ARE READING
No one but you(OR)The Mafia Guys[completed]
Fantasyမင်းဆိုးတာတွေ ကိုယ်သိတယ် ဒါပေမဲ့ ကိုယ်ပဲမင်းကိုနားလည်တယ်..... ဘာလို့လဲဆိုတော့ လူဆိုးတစ်ယောက်ရဲ့ နှလုံးသားကို လူဆိုးအချင်းချင်းပဲ နားလည်နိုင်လို့ပေါ့....