နှုတ်ခမ်းနှစ်ခုထဲလုလုဆဲဆဲအချိန်တွင် ရုတ်တရက်ခန်းမတစ်ခုလုံး အမှောင်ကျသွားခဲ့သည်။
အားလုံး မီးပ်က္သြား၍ ညဉ်းညူနေကြချိန် ခဏလေးအတွင်း မီးပြန်လာပြီးနောက် ခန်းမထဲကအခြေအနေသည် ပြောင်းလဲသွားခဲ့လေပြီ။ဖြတ်ကနဲ ပြန်လင်းလာသော မီးရောင်နှင့်အတူ လျှောက်လှမ်းတစ်လျှောက် တစ်လှမ်းချင်းလှမ်းဝင်လာသော သူကိုမြင်ရသည်။နက်စွေးနေသော ရှပ်လက်တိုကို ကြယ်သီးတွေအကုန်ဖြုတ်ဝတ်ထားသော ခမ်းကြောင့် လမ်းလျှောက်လိုက်တိုင်း လွင့်နေသော အကျၤ ီမွာ အချိုးအစားကျလွန်းသော ခန္ဓာကိုယ်ကို ဖုံးမထားပေးနိုင်ပဲ ဆွဲဆောင်မှုအပြည့်ဖြစ်နေသည်။
ခန်းမအတွင်းရှိ ဧည့်သည်များအားလုံးကိုလည်း သေနတ်ကိုယ်စီကိုင်ထားသော ခမ်းရဲ့လူတွေက ဝိုင်းထားပြီးဖြစ်သောကြောင့် ခန်းမတစ်ခုလုံးမှာ ခပ်မှန်မှန်လျှောက်လာသော ခမ်းခြေသံတစ်ခုထဲသာဖြစ်သည်။
"အကို..."
တိုးငြင်းစွာခေါ်လာသော ဟန်ယွန်းကြောင့် ငေးကြည့်နေမိသော မျက်ဝန်းအစုံကိုပြန်သိမ်းကာ ခါးကြားမှာထိုးထားသော pistolကိုဆွဲထုတ်ရန်ပြင်ချိန် ရုတ်တရက်လက်ဖျံကိုဆွဲကာတားလိုက်သူမှာ ဟန်ယွန်းဖြစ်နေသည်။
"သခင်လေး.."
နားစည်ထဲသို့ ငြိမ့်ညောင်းစွာစီးဝင်လာသော အသံ။နှနှစ်တာကာလအတွင်း သေမတတ်လွမ်းနေခဲ့ရသော ထိုလူသား။
"ခင်ဗျား...ဘာလာလုပ္တာလဲ"
ခပ်တည်တည် ခပ်တင်းတင်းနဲ့ ကြိုဆိုလိုက်တဲ့သခင်လေးကြောင့် ရင်ဝကိုစောင့်ကန်ခံလိုက်ရသလိုပဲ။အမောမပြေလိုက်တာ...
"ကိုယ်နဲ့ပြန်လိုက်ခဲ့သခင်လေး..ဒီမင်္ဂလာပွဲပျက်ပြီ"
"ခင်ဗျား......လုပ်ရဲရင်လုပ်ကြည့်လိုက်လေ"
Rayဘက်ကလူတွေနဲ့ အပြိုင်အဆိုင် သေနတ်နဲ့ချိန်ထားကြတဲ့ သူ့ရဲ့လူတွေကို မျက်စပစ်ပြရင်းပြောသည်။
"ဟက်...မင်းကိုရင်ဆိုင်ဖို့ ကိုယ်ကဒီအင်အားလောက်လေးနဲ့ လာမတဲ့လား သခင်လေးရယ်"
YOU ARE READING
No one but you(OR)The Mafia Guys[completed]
Fantasyမင်းဆိုးတာတွေ ကိုယ်သိတယ် ဒါပေမဲ့ ကိုယ်ပဲမင်းကိုနားလည်တယ်..... ဘာလို့လဲဆိုတော့ လူဆိုးတစ်ယောက်ရဲ့ နှလုံးသားကို လူဆိုးအချင်းချင်းပဲ နားလည်နိုင်လို့ပေါ့....