Chapter 15(uni)

5K 280 33
                                    

(18+ပိကျိလေးပါလို့ ငယ်သေးတဲ့ကလေးတွေမဖတ်စေချင်)

ကိုယ်ပေါ်ကအင်္က ျီကိုခွာချကာ မှန်ရှေ့မှာရပ်လိုက်တော့ အပေါ်ပိုင်းတစ်ခုလုံး နီရဲပြီးအသားစတွေလှန်ကာ ပွန်းပဲ့စုတ်ပြတ်နေပြီ။လက်နဲ့တို့ထိမိတော့လည်း စပ်ဖျင်းဖျင်းပါပဲ။

"မင်းဆက်စေတန်ဆိုတဲ့နာမည်က ဒီလောက်နာမည်ကြီးတာ အလကားတော့မဟုတ်ဘူးပဲ"

တကယ့်နတ်ဆိုး..

ကုတင်ပေါ်ဖြန့်တင်ထားသော အနက်ရောင်suitကိုဝတ်သည်။ဒီနေ့က အဖေ့ရဲ့ဈာပနအခမ်းအနား၊အလောင်းမရှိဘဲကျင်းပရတဲ့နာရေးအခမ်းအနားတစ်ခု သိပ်စိတ်ပျက်စရာကောင်းတာပဲ။

ပြင်ပြင်ဆင်ဆင်နေချင်စိတ်မရှိပေမဲ့ ပုံရိပ်ကိုထိန်းဖို့အတွက် ဆံပင်တွေကိုနောက်လှန်ကာသေသပ်စွာ ဖြီးသင်လိုက်သည်။
အပူသည်ရုပ်ပေါက်နေလို့မဖြစ်ပါ။စိတ်ထဲကမပါတဲ့စကားတွေနဲ့ ဧည့်ခံရအုန်းမယ်။

ဧည့်ခန်းထဲကစားပွဲပေါ်မှာထောင်ထားတဲ့ အဖေ့ဓာတ်ပုံရှေ့မှာ ္ဒဒူးထောက်ထိုင်ချကာ ကန်တော့လိုက်သည်။ဘေးနားမှာထိုးတားတဲ့ပန်းနံ့တွေ စိတ်ထဲမပါဘဲစီးပွားရေးအရသာလာချတဲ့ လွမ်းသူ့ပန်းခွေတွေ အမွှေးတိုင်နံ့တွေကသူ့စိတ်ကိုပိုပြီးညစ်ညူးစေတာ....

"သခင်လေး....ကျွန်တော်နဲ့လိုက်ခဲ့ပါ လူကြီးတွေနဲ့မိတ်ဆက်ပေးချင်လို့"

ဖုံးကွယ်ထားခြင်းခံရတဲ့ သားတစ်ယောက်အနေနဲ့ အဖေ့လုပ်ဖော်ကိုင်ဖက်တွေနဲ့မရင်းနှီးပါ။Demoမိတ်ဆက်ပေးတဲ့လူတွေကို လိုက်တွေ့နေရသည်။

"အိုဗ်ာ...ဦးထည်ဝါတို့များ ဒီအရွယ်သားတစ်ယောက်ရှိတာ သိတောင်မသိရဘူး"

"ကျွန်တော်က ကိုရီးယားမှာပဲနေလို့ပါ"

"Dreamနဲ့ပက်သက်ပြီး တုန့်ပြန်ချင်တဲ့အခါ အကူအညီလိုရင်ပြောပါ..ဟဲဟဲ.... အန်ကယ်တို့ကလည်းအဲ့စောက်ကလေးကို ကြည့်မရတာကြာပြီ"

တဟင်းဟင်းနှင့် နာရေးအခမ်းအနားဆိုတာ မေ့နေသည်ထင်။

"မလိုပါဘူး"

ခပ်ပြတ်ပြတ်ပြောလိုက်တော့ အစာနင်သွားသလိုမျက်နှာပေးတွေနဲ့ ၊လိုစရာလား Rayရဲ့အထက်မှာ Dreamတစ်ခုပဲရှိတာ သူ့ကိုယှဉ်ဖို့တစ်ခြားဂိုဏ်းတွေရဲ့ အကူအညီမလိုပါဘူး။မင်းဆက်စေတန်က သူနဲ့ပဲရှင်းရမှာ...

No one but you(OR)The Mafia Guys[completed]Where stories live. Discover now