Chapter 39 (uni)

3.8K 188 14
                                    

မနက်ဝေလီဝေလင်း ငါးနာရီခန့်အချိန်....

ဆေးရုံတစ်ခုရဲ့ ခွဲစိတ်ခန်းရှေ့မှာ တစ်ညလုံးမအိပ်နိုင်ဘဲ သောကဖြာနေတဲ့ လူတစ်ယောက်ရှိနေသည်။တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ နံရံမွာကပ္ထားတဲ့ နာရီဆီကေန အဆက်မပြတ်ထွက်ပေါ်နေတဲ့ တချက်ချက်ဟူသော အသံကသာ လွှမ်းခြုံထားသည်။

နံရံကနာရီကို တစ်ချက်လှမ်းကြည့်ကာ သက်ပြင်းသဲ့သဲ့ချမိသည်။ခွဲခန်းဝင်နေချိန်မှာ သုံးနာရီနီးပါး ကြာမြင့်ခဲ့လေပြီ။အကြီးစားခွဲစိတ်မှု ဖြစ်တာကြောင့် ဒီ့ထက်ပိုပြီး ကြာနိုင်တာလည်း ကိုယ်သိသည်။သို့ပေမဲ့လည်း တစ်ရိပ်ရိပ်တိုးနေသော စိုးရိမ်မှုက ပိုမြင့်လာသည်။

ခေါင်းကိုငိုက်စိုက်ချကာ ကြမ်းပြင်ကိုသာ ပေါက်ထွက်မတက် ကြည့်နေသော မျက်လုံးအိမ်ထဲက မျက်ရည်စက်တွေက ကြမ်းပြင်ပေါ် ပေါက်ခနဲ ပေါက်ခနဲ ကျနေသည်။ထိန်းချုပ်ထားရန် မတတ်နိုင်တော့သောအခါ ရင်ထဲမှ လှိုက်တက်လာသော ရှိုက်သံက မပီမပြင် ထွက်ပေါ်လာသည်။ဘေးမှာထိုင်နေသော နှစ်ယောက်ကတော့ အလိုက်တသိပင် ငြိမ်သက်စွာနေပေးကြသည်။

ရင်ဘတ်ထဲမှာတင်းကြပ်စွာ ခံစားနေရသည်။ခွဲစိတ်ခန်းထဲက သခင်လေးပုံစံကို ပုံဖော်ကြည့်မိတော့ ကိုယ့်နှလုံးသား သွေးစိမ်းရှင်ရှင်ကျရသည်။ဖြစ်နိုင်လျှင် သခင်လေးအစား ကိုယ်သာဖြစ်လိုက်ချင်သည်။အားနည်းနေပုံရသော သခင်လေးကြောင့် ခွဲစိတ်မှုကို မကျော်လွှားနိုင်မှာကြောက်သည်။

သခင်လေးသာ တစ်ခုခုဖြစ်သွားရင် ဟူသော အေတြးက ခြောက်ခြားစွာ နှိပ်စက်သည်။ထိုအတွေးနောက်မှာ သခင်လေးအဲ့လိုဖြစ်ရတာ မင်းကြောင့်လေ ဟူသော နောင်တကကပ်ပါလာတော့ ပိုပြီးသွေးပျက်ရသည်။

သခင်လေးရာ....ကိုယ့်ကြောင့်...

ဒီအတိုင်း အိမ်ရှေ့ကဝင်လာလဲ ရပါတယ်ကွာ။ကိုယ့်အိမ်က မင်းအတွက်ဆိုရင် တံခါးမရှိ ဓါးမရှိလေ။ဒါမှမဟုတ်ရင်လည်း ဖုန်းတစ်ချက်ဆက်ရင်တောင် ကိုယ်ပြေးလာမှာပေါ့။ဘာလို့များ ခုလိုလုပ်ရတာလဲကွာ။

ဘယ်တော့မှ ချစ်နေတဲ့အကြောင်း သတိရတဲ့အကြောင်း ဝန်မခံချင်တဲ့ အရူးကောင်လေး။အခုလည်း တိတ်တိတ်လေး လညကြည့်ပြီး တိတ်တိတ်လေး ပြန်သွားဖို့ ဆုံးဖြတ်ခဲ့ပုံပါပဲ။

No one but you(OR)The Mafia Guys[completed]Tahanan ng mga kuwento. Tumuklas ngayon