Chapter 18

2.5K 104 8
                                    

"သက်သာနေပြီပဲ ဘာစားချင်လဲ"

နဖူးပေါ်လက်တင်စမ်းရင်းပြောလိုက်သော ချက်ချင်းထထိုင်ကာ ရေလှိုင်းခါးကိုသိမ်းဖက်ပြီး ဗိုက်နားမှာခေါင်းကိုကပ်ထားသည်။

"နို့ဆန်ပြုတ်..."

ခေါင်းလုံးလုံးလေးကို ပွတ်သပ်ပေးတော့လည်း ငြိမ်ငြိမ်လေးနေပေးသည်။တစ်ခါတစ်လေ ဒီကောင်လေးကချွဲချင်သည်။ငယ်ငယ်တုန်းက အန်တီ့အပေါ်လုပ်နေကြအမူအရာလေးတွေ ရေလှိုင်းအပေါ်လုပ်တတ်သည်။ကိုယ်က သူ့အတွက် အေမလို..အမလိုဖြစ်တည်မှုမျိုးဖြစ်သည်။

"ဆန်ပြုတ်ပြုတ်ပေးမယ်..ရေချိုးလိုက်နော်"

"အင်း..."

"လာထိုင်"

"ဘာပြောစရာရှိလို့လဲ"

ရေလှိုင်းထွက်သွားတော့မှ အခုထိရှိနေသေးသော ရှင်းကိုမေးရသည်။

"ပြောစရာရှိတယ်ဆိုတာထက်....ငါတစ်ခုတောင်းဆိုချင်လို့"

"တောင်းဆိုမယ်"

တစ်သက်လုံး ဘာအခွင့်အရေးမှမတောင်းဆိုဖူးတဲ့ Dရှင်းကလေ...

"ဘာလဲ"

"ခမ်းကပိုင်လေးကိုသတ်လိမ့်တယ်....အဲ့တာ....တားပေါ....ငါသူ့ကိုကယ်ချင်တယ်"

"ပိုင်ကရောဘာပြောလဲ...သူဘာလုပ်မှာလဲ"

"သူမှာလည်းအစီအစဉ်ရှိတယ်တဲ့...ဘာလဲတော့ငါမသိသေးဘူး...ဒါပေမဲ့ ငါသူ့ကိုပြောထားတယ်...မင်းကိုကျော်ပြီးဘာမှမလုပ်နဲ့လို့"

"အင်း...သိပြီ"

"တားပေးပါ...ငါ့အတွက်ပိုင်လေးကိုကယ်ပေးပါ"

"အင်း...ခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါအကောင်းဆုံးလုပ်မှာပါ...ခုရက်ပိုင်းသူ့ကိုအပြင်ပေးမထွက်နဲ့"

"အင်း"

"ပြီးတော့ ငါ့ကိုခမ်းနဲ့တွေ့ဖို့စီစဉ်ပေး...ငါသူနဲ့ဆွေးနွေးဖို့လိုပြီ....ညနေပိုင်းလောက်ငါအားတယ်"

"အင်း...ငါချိတ်လိုက်မယ်"

"အေး...သူ့ကိုလာတွေ့ခိုင်းလိုက် "

အကောင်းဆုံးဘာလုပ်သင့်လဲ ဆက်မတွေးရသေးဘူး။ဒါကိုဘယ်လို ရှင်းရမလဲ။
********

No one but you(OR)The Mafia Guys[completed]Where stories live. Discover now