Chapter 33(uni)

3.6K 186 25
                                    

ဒဏ်ရာကြောင့် မေ့မြောနေပြီဖြစ်သောခမ်းကို Demoကခေါ်ထုတ်သွားပြီဖြစ်သည်။အော်...ပြီးတော့ဘာတဲ့...သခင်လေးတစ်ခုခုဖြစ်ရင် မင်းကိုသတ်မှာတဲ့။ဟားတိုက်ပြီးတော့သာ ရယ်ပစ်ချင်သည်။ငါကရော....ကိုယ့်ဘာသာကိုယ် ခွင့်လွှတ်မယ်ထင်နေလား။မသေနိုင်တဲ့နေရာဆိုတာ သိပါတယ်။

သွေးစက်တွေစွန်းထင်းနေသော အခန်းရဲ့ကြမ်းပြင်ကိုကြည့်ကာ သက်ပြင်းသဲ့သဲ့ချမိသည်။

ဘလိတ်ဓါးပါးပါးတွေဟာ အခုတော့ကိုယ့်ရဲ့လက်ဖဝါးပေါ်မှာ နေရာတကျ။
ဓါးတွေကို လက်ဖဝါးထဲထည့်ကာ အားတင်းပြီးလက်သီးဆုပ်လိုက်သည်။

"အားးးး"

ပါးလ်ကာ အိနေသော ဓါးသွားတွေက အသားလွှာတွေကို ထိုးခွဲကာဝင်လာသည်။အကြောတွေ ပြတ်ထွက်ကုန်ပြီထင်သည်။ပိုမိုအားတင်းကာ ဆုပ်လိုက်တော့ ဘလိတ်ဓါးတွေ တစ်ကြွတ်ကြွတ်နဲ့ ကျိုးသွားသည့်အသံကိုကြားရသည်။လက်ကနေ သွေးတွေဒလဟော စီးကျလာသည်။နာကျင်မှုဟာ အစီးအတားမဲ့ဖြစ်သည်။ကျိုးသွားသည့် အပိုင်းအစတွေက လက်ခုံကိုပါခွဲထွက်လာသည်။ခင်ဗျားနာကျင်ရရင် တစ်ဖက်မှာကျွန်တော်လည်း နာကျင်နေစေရမယ်။

အကို့အခန်းထဲက စူးစူးဝါးဝါးအော်သံကြောင့် ဟန်ယွန်းပြေးဝင်လာခဲ့သည်။အကို့လက်မှာသွေးတွေ အများကြီးထွက်နေပြီး ကြမ်းပြင်ပေါ် စက်တောက်စက်တောက် ကျနေသည်။

"အကို....ဘာကိုဆုပ္ထားတာလဲ....လွှတ်"

ဟန်ယွန်း အတင်းဆုပ်ထားသော လက်တွေကိုဆွဲခွာသည်။သို့ပေမဲ့မရ အကိုကအံကြိတ်ထားသည်။လက်ခုံမှာထိုးဖောက်ထွက်နေသော ဘလိတ်ဓါးတွေကိုမြင်တော့ဟန်ယွန်းတော်တော်လန့်မိသည်။

"အကို....လွှတ်လို့....သွေးတွေအများကြီး ထွက်နေပြီ"

နောက်ဆုံးဘယ်လိုမှ ပြော၍မရတော့သောအခါ ကိုကြီးရှင်းနှင့်ကိုကြီးပိုင်ကို ဟန်ယွန်းပြေးခေါ်ရတော့သည်။

"ဆက်....ဆက်....သတိထားစမ်း"

မျက်လုံးပြူးကာ တုန့်ပြန်မှုမရှိသောကြောင့် ပါးပြင်ကိုခပ်ဆတ်ဆတ်လေးရိုက်ရင်း ပြောရသည်။

No one but you(OR)The Mafia Guys[completed]Where stories live. Discover now