Chapter 28(uni)

3.5K 182 17
                                    

Partyကနေပြန်ထွက်သွားပြီးမကြာခင်မှာပင်
"သခင်လေးခဏစောင့်ပေးနော်....ကိုယ့်သူငယ်ချင်းကအပြင်ပြန်လိုက်မယ်ဆိုလို့ခဏစောင့်နေရလို့" ဟူသောmessageတစ်စောင်ပို့ပြီးထဲကဘာစာမှလည်းထပ်မပို့သလိုဖုန်းလည်းဆက်မလာသောခမ်းသည်မနက်3နာရီထိတိုင်အောင်ရောက်မလာခဲ့ပါလေ။ဧည့်ခန်းထဲရှိဆိုဖာပေါ်တွင်ဆက်ထိုင်စောင့်ရေသည်မှာ5နာရီခန့်ရှိနေခဲ့ပြီ။ဆေးလိပ်လည်းလေးလိပ်လောက်သောက်ပြီးနေခဲ့ပြီ။

အဲ့ဘဲကြီးဂျိုကစ်ပြီးဟန်ယွန်းကိုဓားနဲ့မွှမ်းသွားတဲ့ကိစ္စကိုပြန်ပြီးတောင်းပန်ခိုင်းရအုန်းမည်။မိန်းကလေးတစ်ယောက်ကိုအဲ့လောက်ထိမလုပ်သင့်ဘူးလေ။ငိုယိုနေသောဟန်ယွန်းကိုမနည်းချော့ကာပိုင်လေးနှင့်ဆေးခန်းကိုသွားခိုင်းလိုက်ရသည်။ကြည့်...အဲ့တာဒီဘဲနာကြီးမွှေးသွားတဲ့မီး။ပြန်သွားရင်အဲ့ကိစ္စမနည်းရှင်းရအုန်းမည်။

စားပွဲပေါ်ကတစ်ချက်တုန်ခါသွားသောဖုန်းသံကြောင့်လှမ်းယူပြီးကြည့်လိုက်သည်။ခမ်းဆီကmessageဝင်နေသည်။

မင်းစောင့်နေလည်းသူလာမှာမဟုတ်တော့ဘူး

ပြီးတော့ထပ်ပို့လာသည့်ပုံတစ်ပုံ

ကုတင်ပေါ်မှာကျောပေးအိပ်နေသည့်သူ
အပေါ်ပိုင်းအဝတ်အစားကင်းမဲ့နေပြီးခါးအောက်ပိုင်းကိုစောင်ခြုံထားသည်။ဖြူဝင်းသောဂုတ်ပိုးထက်ကနီရဲရဲmarkingတွေ။

မင်းဘယ်သူလဲ

သူ့ph passwordပါသိတဲ့သူဆိုတော့ငါတို့ကြားမှာနက်ရှိုင်းတဲ့ပက်သက်မှုရှိလို့ပေါ့

Pwကိုယ်တောင်မသိသောpwကိုသူကသိနေတယ်တဲ့လား?

ငါမေးတာပဲဖြေ

..အဲ့တာဆိုစိတ်ခိုင်ခိုင်ထားနော်...ငါကသူ့မိန်းမ

ဖုန်းကိုင်ထားသောလက်တွေတုန်လာသည်။လက်ထဲကဖုန်းပြုတ်ကျသွားသည်။မျက်လုံးထဲမျက်ရည်တွေအိုင်ကျလာသည်။မျက်ရည်တွေကိုတားဆီးရန်မျက်တောင်ဖြင့်ပုတ်ကာသိမ်းသည်။မရ...နှုတ်ခမ်းတွေပါတစ်ဆတ်ဆတ်တုန်လာသည်။

ငါကဘာလို့မျက်ရည်ကျရမှာလဲ..

အောက်ကျနေသောဖုန်းကိုပြန်ကောက်လိုက်ပြီး

No one but you(OR)The Mafia Guys[completed]Where stories live. Discover now