Chapter 22(uni)

4.5K 211 4
                                    

"သခင်လေး...လာလေ"

ကိုယ် ကအတင်းခေါ်တာမလို့ အိမ်ကိုလိုက်လည်ဖြစ်တဲ့ သခင်လေးကို အခန်းတစ်ခုအတွင်း ခေါ်သွင်းကာတံခါးပိတ်လိုက်ပြီး

"သခင်လေး...."

တစ်ခန်းလုံးမီးတွေပိတ်ထားတာကြောင့် ပိတ်ပိတ်မှောင်နေသည့်အခန်းထဲ သခင်လေးဟူသော ခေါ်သံနှင့်အတူ နှုတ်ခမ်းတွေဆီထိ ကပ်လာပါသော အနမ်းနွေးနွေး...ပခုံးနှစ်ဖက်ကနေ ဖိကိုင်ကာ တံခါးနှင့်ဖိကပ်ထားသေးသည်။

ရုတ်တရက် နှုတ်ခမ်းပေါ်က အထိအတွေ့လေး ကွာသွားတော့မှ

"မီးဖွင့်လိုက်တော့ ခမ်း..ကျွန်တော်မနေတတ်ဘူး"

"သခင်လေး ကိုယ့်ကိုပြန်မနမ်းမချင်း ကိုယ်မီးမဖွင့်ဘူးကွာ...ကိုယ်ပြောခဲ့ပါတယ်....အကိုက်သန်တဲ့ပါးစပ်လေးကိုအသေနမ်းပစ်မယ်လို့လေ....
အခုစမယ်နော်...အနမ်းတွေရပ်စေချင်ရင်တော့
ကိုယ့်ကိုပြန်နမ်းပေါ့"

"မလုပ်..."

တားမြစ်စကားတောင်အဆုံးထိမဆိုလိုက်ရခင်မှာပင်
မေးဖျားလေးကိုဆွဲမော့ကာပြန်လည်သိမ်းပိုက်ခြင်းခံလိုက်ရသောနှုတ်ခမ်းလေး....သူ့စိတ်ကြိုက်ဆွဲယူနမ်းရှိုက်နေ
ပါသော ခမ်း...တကယ်ကိုပြန်မနမ်းမချင်း လွှတ်ပေးမည့်ပုံမပေါ်...

အတင်းနမ်းနေတဲ့ ခမ်းရဲ့ နဖူးကိုလက်နဲ့တွန်းကာ ခွာချလိုက်သည်။

"မီးဖွင့်လိုက်...နှစ်ခါထပ်မပြောဘူး"

အေးစက်စက်အသံနောက် ကိုယ့်လက်က မီးကိုဖွင့်လိုက်ပြီးသားဖြစ်သည်။မျက်လုံးအိမ်ထဲမှာ မျက်ရည်ကဝေ့လာသည်။
သခင်လေး သူ့ကိုမနမ်းချင်ဘူး။

လင်းထိန်သွားတဲ့အခန်းထဲမှာ မြင်လိုက်ရတာက အမည်းရောင်Pianoလေးတစ်လုံးသာဖြစ်သည်။

ခမ်းကိုပြန်ကြည့်လိုက်တော့ အညိုစိမ့်စိမ့်မျက်ဝန်းတို့မှာ မျက်ရည်ကအိနေပြီ။

"ငိုနေတာလား "

"မငိုပါဘူး...ဘာလို့ငိုရမှာ ဲ"

ငိုနေတာလားမေးကာမှ မျက်ရည်ကပေါက်ကနဲကျသည်။သခင်လေးနဲ့ပက်သက်ရင် မျက်ရည်ကအရမ်းလွယ်

No one but you(OR)The Mafia Guys[completed]Where stories live. Discover now