သခင်လေးက ခမ်းကိုမသိမသာရှောင်နေသည်မှာ သုံးရက်ခန့်ရှိနေပြီဖြစ်သည်။အလုပ်ကိစ္စအတူလုပ်စရာရှိရင် လုပ်သည်။ပြီးတာနဲ့ အခန်းထဲတန်းဝင်ပြေးတော့တာပဲ။
ဒီနေ့တော့ မိအောင်ဖမ်းဖို့ ကိုယ်ကဆုံးဖြတ်ထားပြီးပြီ။
"ဟေ့ ခဏနေအုန်း...ကိုယ်သွားပို့လိုက်မယ်"
အိမ်အကူကောင်မလေးဆီမှ သစ်သီးခြင်းကိုလွှဲပြောင်းယူလိုက်ပြီး သခင်လေးအခန်းတံခါးကိုခေါက်လိုက်သည်။
" ဝင်လာခဲ့"
အထဲရောက်သည်နှင့် အသီးခြင်းကိုစားပွဲပေါ်တင်ကာ ကုတင်ပေါ်ခြေဆင်းကာ ဖုန်းကြည့်နေသောသခင်လေးနားသွားလိုက်သည်။ကိုယ်ဝင်လာတာမြင်ရက်နဲ့တောင် ဘာမှမပြောဘဲ လျစ်လျူရှုနေတာကိုမကြိုက်။
"ကိုယ့်ကိုဘာလို့ရှောင်နေတာလဲ နမ်းလိုက်လို့လား"
"ဘယ်သူကရှောင်လို့လဲ"
"ဒီလောက်သိသာနေတာကို"
"ဒီမွာ တကယ်တမ်းကျ ခင်ဗျားနဲ့ကျွန်တော်က အလုပ်ရှင်နဲ့အလုပ်သမားဆက်ဆံရေးလေ ကျွန်တော်တို့ဘယ်လောက်ထိနီးကပ်ဖို့လိုလို့လဲ....ပြီးတော့ဘာအတွက်ရှောင်ရမှာလဲ စိတ်ထဲကိုမရှိတာ"
"စိတ်ထဲမရှိဘူးဆိုတာ သေချာလား"
"ခင်ဗျားထွက်သွား...ပြီးခဲ့တာတွေမေ့လိုက် ကျွန်တော့်ဘက်ကအကျယ်မချဲ့ဘူးဆိုတာ မသိစေချင်လို့...ကျွန်တော်သာရှင်းကိုပြောပြလိုက်ရင် ခင်ဗျားဇက်ပြတ်မှာ သိတယ်မလား"
ကုတင်ပေါ်မှထကာ အခန်းပြင်ထွက်ရန်ပြင်နေသူကို လက်ကောက်ဝတ်မှဖမ်းဆွဲကာ နံရံဆီတွန်းဖိထားမိသည်။အဲ့လိုရှေင်ထွက်တာကို မကြိုက်တာ
"ဘာလုပ်တာလဲ""
ကိုယ်နဲ့နီးကပ်မိတာနဲ့တင် ပေါက်ထွက်မတတ်ရဲတွတ်နေတဲ့ပါးလေးတွေကိုမှအားမနာ စိတ်ထဲမရှိဘူးလို့ ညာတတ်သေးတာ...
"ပြောတော့စိတ်ထဲမရှိဘူးဆို...ပါးလေးတွေတောင်ရဲလို့ သခင်လေးရယ်"
"ဘာလို့ရဲရမှာလဲ ဖယ်"
သခင်လေးမျက်လုံးတွေက စူးစိုက်ကြည့်ကာပြောသည်။ရုန်းထွက်လို့ရပေမဲ့ မကြိုးစားဘဲ ကိုယ့်ကိုပဲဖယ်ဖို့ အမိန့်ပေးနေသည်။
YOU ARE READING
No one but you(OR)The Mafia Guys[completed]
Fantasyမင်းဆိုးတာတွေ ကိုယ်သိတယ် ဒါပေမဲ့ ကိုယ်ပဲမင်းကိုနားလည်တယ်..... ဘာလို့လဲဆိုတော့ လူဆိုးတစ်ယောက်ရဲ့ နှလုံးသားကို လူဆိုးအချင်းချင်းပဲ နားလည်နိုင်လို့ပေါ့....