Chapter 36(uni)

3.6K 172 37
                                    

ကုတင်ပေါ်မှာ လှဲနေသော ခမ်းဗိုက်ပေါ် လက္ကိုဖြဖြေလး တင်ရင်း မေ့မျက်နှာက ပျက်ယွင်းနေလေပြီ။

"အရမ်းနာနေလား...သူက ဘာလို့အဲ့လောက်ထိ လုပ်ရတာလဲ"

"သူ့အမှားမဟုတ်ဘူးလေ...ငါအခု ဒီမှာလှဲနေရတာ ဘယ်သူကြောင့်လဲ....နင့်အတ္တတွေကြောင့်လေ...မေရဲ့...နင်ငါ့ကို နည်းနည်းလေးတောင်မှ မညှာပါလားဟာ"

စိတ္ပ်က္စြာ ပြောလာတဲ့ သူ့စကားတွေအောက် မေ့မှာပိုပြီးသိမ်ငယ်ရသည်။ချစ်မိလို့ကြိုးစားခဲ့တာကလွဲရင် ဘာမ်ားမွားခဲ့မိပါလဲ။

"နင်သူ့ကို အဲ့လောက်ထိ အရူးအမူးဖြစ်လေ...ငါသူ့ကိုသတ်ချင်လေပဲ"

"ငါလက်မှတ်ထိုးမပေးနိုင်ဘူး...ငါနင်နဲ့လက်မထပ်ချင်ဘူးမေ"

မေ့ဆီကနေ လွတ်မြောက်ဖို့အတွက် ဘဝနဲ့ရင်းပြီး လုပ်ခဲ့ရတဲ့ အလောင်းအစားတစ်ခု။သခင်လေးကသာ ကိုယ့်စကားကိုယုံပြီး စေ့စပ်ပွဲဖျက်ပေးခဲ့ရင် ကိုယ်အနိုင်ရပြီး မေကနောက်ဆုတ်ပေးမည်။

ကိုယ်ချော့လိုက်ရင် သခင်လေးအရင်လိုပင် အလြယ္တကူ စိတ်ပြေမည်ဟု ထင်ခဲ့မိသောကိုယ့်အမှား။အခုတော့ သခင်လေးက စေ့စပ်ပွဲမဖျက်ပေးသည့်အပြင် ဓားနဲ့ပါထိုးလွှတ်လိုက်တာကြောင့် သဘောတူညီချက်အရဆိုရင် မေနဲ့လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးရမှာဖြစ်သည်။

"နင်က..ကတိမတည်ဘူးပဲ"

"ကတိမတည်တာငါဆိုရင်....နင်ကရော ငါတို့ကြားမှာ ဝင်မွှေသွားတာတွေ...ငါလည်းမသိရပါ့လား....အဲ့လောက်နဲ့ပဲ ရပ်ကြရအောင်ကွာ"

မေ့ကိုကြည့်ရင်း စိတ္ပ်က္စြာ ခေါင်းခါမိသည်။

"မရပ်နိုင်ဘူးခမ်း....ငါသူ့ကိုသတ်ဖို့ Dark Web ကkillerတွေနဲ့တောင် ချိတ်ပြီးနေပြီ....ဟား...နင်အခုလို ကတိမတည်မှာငါသိတယ်...ငါသေမှ လက်လျော့မယ်..ငါကသူ့ကို သတ်မှာပဲ"

မေ့ပုံစံက သွေးရူးသွေးတန်းနဲ့ အရူးတစ်ယောက်လိုလို ဆေးကြောင်နေတဲ့သူလိုလိုနဲ့ ကြည့်ရဆိုးလှသည်။အရင်က ချောမောလှပသော မျက်နှာဟာ အခုတော့ အပူသည်ရုပ်ကိုပေါက်လို့နေပြီ။

No one but you(OR)The Mafia Guys[completed]Where stories live. Discover now