Chapter 10(uni)

5.7K 290 4
                                    

ဆက် ရဲ့အမိန့်အတိုင်း သစ္စာဖောက်တွေကိုရှင်းဖို့ မြို့စွန်ရှိ ထိုအိမ်ကိုရောက်လာတဲ့ ရှင်း, ပိုင်လေးနဲ့အဖွဲ့ဝင်တစ်ချို့..
ခြံတံခါးကိုတိုက်ဖျက်ရင်း မောင်းဝင်လာတဲ့ကားသုံးစီး..

ထို့နောက်ထွက်ပေါ်လာသည့် သေနတ်သံများအောက် ကြွေလွင့်သွားသော အသက်ပေါင်းများစွာ...အချိန်တိုလေးအတွင်းရှင်းလိုက်ကြသည်မှာသွေးအေးစွာ....

"သွားနှင့်မယ် အမှိုက်တွေကိုရှင်းလိုက်တော့"

ကျယ်လောင်စွာထွက်ပေါ်လာသည့် ရှင်းအမိန့်သံအောက်
ဦးညွှတ်ကာနာခံကျသောအဖွဲ့ဝင်များပင်ဖြစ်သည်။

"ခဏနေအုန်း...ဒါတွေကိုဘာလို့ချန်ထားတာလဲ"

ကြမ်းပေါ်မှာဒူးထောက်ကာငုံ့နေသော လူတစ်စုကိုကြည့်ရင်းမေးသည်။

"ကိုယ်တို့က မိန်းမနဲ့ကလေးတွေကို မသတ်ဘူး"

သေနတ်တပြင်ပြင်ဖြစ်နေသော ပိုင်လေးလက်ကိုဆွဲတားလိုက်သဘ်။

ပိုင်လေးက အစေခံမိန်းမတွေနှင့်အတူရပ်နေသော ဆယ်ကျော်သက်အရွယ်ကောင်လေးထံလျှောက်သွားသည်။

"သူဘယ်သူလဲ...အသွေးအမွေးကတော့အစေခံမဟုတ်ဘူးထင်တယ်"

"မင်းဘယ်သူလဲ"

ခေါင်းငုံနေသူကို ဆွဲမော့လိုက်သည်။

"ဟို...ကျွန်တော်ကမြေးပါ"

"အော်....ဟိုအဘိုးကြီးရဲ့မြေးပေါ့"

"ဒိုင်း....ဒိုင်း"

"အား..."

နှစ်ချက်ဆက်တိုက်ထွက်သွားတဲ့ သေနတ်သံကကောင်လေး ဒူးဆစ်နှစ်ခုကိုခွေကျသွားစေသည်။

"မင်း..."

လျှင်မြန်လွန်းတာကြောင့် ရှင်းမှာတားချိန်မရလိုက်။

"ဆောရီးD...နောက်အနာဂတ်မှာ သခင်လေးအတွက် အန္တရာယ်ရှိလာမယ်လို့ ယူဆတဲ့အရာမွန်သမ်ွကို ကျွန်တော်ကရှင်းမှာ"

မရှင်းလို့မရပါ။ဒီကောင်လေးကဂိုဏ်းခေါင်းဆောင်ရဲ့မြေး နောက်တစ်ချိန်လက်စားမချေဘူးလို့မပြောနိုင်။အခုလို ဒုက္ခိတဖြစ်သွားတော့ နည်းနည်းဝေးသွားပြီပေါ့။

No one but you(OR)The Mafia Guys[completed]Where stories live. Discover now