chapter 34(uni)

3.7K 182 16
                                    

ဒဏ်ရာတွေ ဆေးထည့်ပေးပြီးတာနဲ့ တစ်ပြိုင်နက် အပြင်သွားရန်ပြင်မိသည်။စိတ်တွေပင်ပန်းနေပြီ။ခဏလောက် ထွက်သွားချင်မိသည်။ကုတင်ပေါ်မှ ထကာသွားရန်ပြင်တော့

"သခင်လေး....ဘာလုပ်မလို့လဲ"

"အပြင်သွားမလို့"

"သွားလို့မရဘူးနော်"

"ဂရုမစိုက်ဘူး"

အတင်းသွားရန်ပြင်နေတဲ့ သခင်လေးကို ပိုင်လေးရော ရေလှိုင်းပါ ပခုံးကနေတစ်ယောက်တစ်ဖက် ဆွဲထားရသည်။

"မသြားရဘူး....နင့်လက်ကကားမောင်းလို့မရဘူးနော်....မဆိုးစမ်းနဲ့"

လေသံမာမာနှင့် ရေလှိုင်းဖိဟောက်လိုက်ရသည်။နားဝင်ဖို့တော့မသေချာပေမဲ့။

"ဘယ်ဘက်လက်ကောင်းသေးတယ်....ငါ့ကိုဒုက္ခိတလို...လာမဆက်ဆံနဲ့"

"ဘယ္ဘက္က ဘယ်လိုအဆင်ပြေမှာလဲ သခင်လေးရယ်....ကျွန်တော်လိုက်ပို့ပါ့မယ်"

"မလိုဘူး..ကိုယ့်ဟာကိုသွားမယ်...ဘယ္သူတားရဲလဲ"

ချုပ်ကိုင်ထားသော လက်တွေကို အတင်းရုန်းဖယ်ကာ ထွက်သွားလေပြီ။သခင်လေးက ဒေါသတွေ တရှူးရှူးထွက်နေတဲ့ မြွေဟောက်လေးလိုပဲ ထိန်းချုပ်လို့မရဘူး။

"မ...ကျွန်တော် လိုက်သွားလိုက်မယ်"

"နေအုန်း...သူ့နောက်ကလိုက်တာ သိရင်သတ်လိမ့်မယ်...ခဏနေမှလိုက်"

ပိုင်လေးလည်း စိတ်ကိုလျော့ချကာ ကုတင်ပေါ် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သည်။သခင်လေး ဘာအန္တရာယ်မှ ဖြစ်မလာပါစေနဲ့ကွာ။

"မမ...မမ...ဟန်ရှင်းက သွေးတွေနဲ့...လုပ်ပါအုန်း"

ဟန်ယွန်းက အလောတကြီး ပြေးလာကာ ရေလှိုင်းလက်ကို အတင်းဆွဲကာ ခေါ်တော့သည်။

"အင်းအင်း....အခုသွားမယ်နော်"

အလောတကြီးဖြစ်နေတဲ့ ဟန်ယွန်းလက်ကို ကိုင်ကာလိုက်ခဲ့သည်။ပိုင်လေးလည်း ထိုင်နေရာမှထကာ လိုက်ခဲ့ရတော့သည်။စောက်ပြဿနာတွေက တန်းစီပြီးတော့ကို တက်နေတော့တာပဲကွာ။

ခြံထဲမှာ သွေးအိုင်ထဲမှာ လဲနေတဲ့ဟန်ရှင်းက သတိတောင်မရှိတော့။ရေလှိုင်းလည်း လန့်ဖျန့်သွားကာ လည်ပင်းမှသွေးကြောကို စမ်းရသည်။ခုန်နေသေးသည်။အသက်ရှိသေးလို့တော်သေးတာပေါ့ နောက်စိကိုထိထားတာဆိုတော့ များသောအားဖြင့်က စိုးရိမ်ရသည်လေ။

No one but you(OR)The Mafia Guys[completed]Where stories live. Discover now