Chapter 17(uni)

4.5K 265 14
                                    

"Demoရာ..သခင်လေးကလေ ပိန္သြားတယ္ကြာ"

လက်ထဲရှိဝီစကီခွက်ကိုကောက်မော့ကာပြောသည်။

"တခြားသူကိုပဲစိတ်ပူမနေနဲ့အုံး...သခင်လေးလည်း
အအိပ်ပျက် အစားပျက်နဲ့မျက်ကွင်းတွေညိုပြီး လူပမာရုပ်ပေါက်နေပြီ"

မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်ပြီးစားပွဲပေါ်ရှိပုလင်းကိုဆွဲယူကာတစ်ခွက်ထည့်လိုက်ပြီး.....

"အဲ့လိုနဲ့သခင်လေးပါလုံးပါးပါးမယ်ဗျာ....လာပါ အကုန်ခဏမေ့ထားပြီးသောက်ရအောင်"

ထို့နောက်နှစ်ယောက်လုံးအပြိုင်အဆိုင်ကိုတစ်ခွက်ပြီးတစ်ခွက်ချနေကြတော့သည်။

"အေ့..သခင်လေးကို..လွမ်းတယ်"

"အင်း..."

မမူးလည်းလွမ်း...မူးလည်းလွမ်းနဲ့သခင်လေးရာ..
အဲ့လောက်ဖြစ်နေလည်းကားသာတင်ပြေးလိုက်တော့..
ဟူး..တကယ်ပဲအပူတွေများ...
တစ်ဖက်မှာလည်းတစ်ညလုံးအမူးသောက်ကာ..
သခင်လေးကိုလွမ်းတယ်ဟု တစ္ညလုံး ရေရွတ် နေသောသူတစ်ယောက်ရှိနေခဲ့သလို...တစ်ခြားတစ်ဖက်မှာလည်းတစ်ညလုံးဆေးလိပ်ထိုင်သောက်ကာ လွမ်းနေခဲ့သောကောင်လေးလည်းရှိနေခဲ့ပါသည်။
************
"ထမင်းစားခန်းထဲမှာမီးတွေအကုန်ပိတ်ကာတစ်ယောက်ထဲထိုင်နေသည့်ပိုင်လေး...အတွေးတွေထဲနေရာယူထားတာသခင်လေးအကြောင်းသာ....Rape caseတဲ့လား..
ရင်တွေနာရသည်။တစ်နေ့တစ်နေ့ ဆေးလိပ် ထိုင်သောက်ရုံအပြင် ဘာစကားမှလည်းမပြော ဘာတစ်ခုမှလည်းမလုပ်သော သခင်လေးကြောင့် စိုးရိမ်ရသည်။စိတ်ဒဏ်ရာများရနေပြီလား? ?

တစ်စုံတစ်ယောက်ကိုချစ်ရတာပင်ပန်းသည်။အထူးသဖြင့် ကိုယ့်ကိုမချစ်တဲ့သူကိုချစ်ရတာပိုပြီးပင်ပန်းသည်။ရုန်းထွက်ချင်သည်။လွတ်မြောက်ချင်သည်။သို့သော် နက်နက်ရှိုင်းရှိုင်းငြိတွယ်နေမိသည့်မဟုတ်လား။
စပ်ပြီးသားအရက်တစ်ခွက်ကိုတစ်ချိုက်ထဲမော့ချပစ်သည်။ဇိမ်ခံပြီးသောက်မနေချင်တော့။အာခေါင်တစ်လျှောက် ပူဆင်းသွားသည်။မြန်မြန်မူးလေကောင်းလေပဲ...
မူးပြီးအိပ်သွားမှသာအပူတွေကလျော့မည်ဖြစ်သည်။

No one but you(OR)The Mafia Guys[completed]Where stories live. Discover now