Chapter 21(uni)

4.7K 244 11
                                    


ကိုယ်အရင်နေခဲ့တဲ့အခန်းမှာ ကိုယ့်အဝတ်အစားတွေ အသုံးအဆောင်တွေအားလုံး နေရာတကျပင် ရှိနေသေးသည်။အားလုံးပစ်ထုတ်ပစ်လိုက်ပြီ ထင်ခဲ့ပေမဲ့ ခုတော့အားလုံးနေရာတကျရှိနေသေးသည်။ဒီအခန်းကိုဒီအတိုင်းထားပြီး ခင်ဗျား ပြန်လာမှာ စောင့်နေခဲ့တာဟူသောသခင်လေးစကားသံလေး...
ပြန်တွေးမိတိုင်းမျက်ရည်ဝဲမတက်ကြည်နူးရသည်။

ရေမြန်မြန်ချိုးကာ ညဝတ္တစ္စုံ ကောက်ဝတ်ပြီး ရေစိုနေသောခေါင်းကိုdryerနှင့်ခပ်မြန်မြန်မှုတ်လိုက်သည်။
သခင်လေးအခန်းထဲရောက်သည်နှင့် တွေ့လိုက်ရသည်က
စောင်ပုံထဲနစ်မြုပ်ကာ ကွေးနေသောသခင်လေးရယ်ပ ါ။ဒီလူသားလေးနားက တစ်ဖဝါးလေးတောင်မခွာချင်တော့ပေ။

အတင်းသာတိုးဝင်ပြီးဖက်ထားပစ်ချင်သည်။

"ခေါင်းခြောက်ပြီလား သခင်လေး"

"အင်းခြောက်သွားပြီ..."

"မအိပ်ချင်ဘူး....မိုးအေးတယ်လေကွာ"

ကုတင်ပေါ်အတင်းဝင်လှဲကာ စောင်ပုံလေးအတိုင်း ပွေ့ဖက်ထားမိသည်။

"ဘာလာလုပ္တာလဲ ဟိုဖက်ခန်းမှာအိပ် လွှတ်ပေးနော်...မလွှတ်ရင်ကန်ချမှာ"

"လုပ်ရက်တယ်ပေါ့....သခင်လေးကရက်စက်လိုက်တာ"

စောင်ထဲမှခြေထောက်တစ်ချောင်း ပျံထွက်လာပြီး ကိုယ့်ခြေထောက်ကိုကန်တော့သည်။

"ဟာ...သခင်လေးကကွာ"

"ပြော...စောင်ကိုဖက်မှာလား...လူလား"

သွားစွယ်ချွန်ချွန်လေးများပေါ်သည်အထိနှစ်နှစ်ခြိုက်ခြိုက်ပြုံးပြတော့ ဒီလူသားကအချစ်ပိုရပြန်သည်။
စောင်ကိုဆွဲဖယ်ကာလှဲချလိုက်ပြီးလက်မောင်းတစ်ဖက်
ဆန့်တန်းပေးလိုက်သည်။

"ကိုယ့်လက်မောင်းပေါ်လာ"

ဆံသားပျော့ပျော့လေးတွေနှင့် ခေါင်းလေးကိုယ့်လက်မောင်းပေါ်နေရာကျတော့မှ
စောင်ကိုနှစ်ယောက်လုံးပေါ်သို့ရင်ဘတ်နားထိဆွဲခြုံလိုက်သည်။

"ကိုယ်လွမ်းနေခဲ့တာ"

"အင်း"

လက်မောင်းပေါ်မှလူသားလေး၏နားထင်ကိုခပ်ဖွဖွလေး
နမ်းကာခပ်တင်းတင်းပွေ့ဖက်မိသည်။

No one but you(OR)The Mafia Guys[completed]Where stories live. Discover now