Chapter 13(uni)

4.9K 278 10
                                    

ရုတ်တရက်ဆန်သော အဖြစ်အပျက်ကြောင့် အားလုံးကြက်သေသေကုန်ကြသည်။တစိမ့်စိမ့်နှင့်စီးထွက်လာသောသွေးတွေက ဧည့်ခန်းကြမ်းပြင်ပေါ်မှာ အိုင်ထွန်းနေပြီဖြစ်သည်။နံရံပေါ်တွင်လည်း စင်သွားသောသွေးစက်တွေက အောက်ကိုပြန်စီးကျနေပြီး တစ်ခန်းလုံး သွေးရောင်လွှမ်းကုန်သည်။

စိမ့်ထွက်လာသော သွေးတွေခြေထောက်ကိုလာထိတော့မှ ခမ်းတစ်ယောက်အသိပြန်ဝင်လာပြီး အေဖျဖစ်သူကို ပြေးပွေ့တော့သည်။ခေါင်းတစ်ခြားကိုယ်တစ်ခြား ဖြစ်နေသောကြောင့် ခြောက်ခြားဖွယ်အတိဖြစ်နေပြီ ဖြစ်သောဖခင်ဖြစ်သူကို ဖက်ကာငိုတော့သည်။

"အား!!....အေဖ
ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့ကြောင့်.."

အော်ငိုပစ်ချင်သည်။ သို့သော်အသံက လည်ပင်းမှာတွင်တစ်နေပြန်သည်။မျက်ရည်တွေသာ တစ်သွင်သွင်ကျနေတော့သည်။သူ့တစ်ကိုယ်လုံးလည်း သွေးတွေရွှဲနေပြီဖြစ်သည်။ ရုတ်တရက် အဖေဖြစ်သူ၏ခါးမှသေနတ်ကိုစမ်းမိသည်။လျှင်မြန်စွာဆွဲထုတ်လိုက်ရင်း ထိုလူသတ်သမားဆီသို့..

သို့သော် ပိုင်လင်းစက်ရှေ့မှရပ်ကာ လက်နှစ်ဖက်ကို ဆန့်တန်းပြီးကာပေးထားသော ကျွန်တော့ချစ်ရသူ

"ဖယ်ပေး"

"မဖယ်နိုင်ဘူး သူ့အပြစ်မဟုတ်ဘူးလေ မင်းအဖေကိုက ပါးစပ်သရမ်းတာ သေတာတောင်နည်းသေးတယ် သေချာကြည့်ထား နောက်တစ်ခါအဲ့လမ်းက မင်းသွားရမယ့်လမ်းဖြစ်လာနိုင်လို့"

အတူပျော်ရွှင်ခဲ့ဖူးသော အရင်နေ့တွေကိုမှ ပြန်မတွေးဘဲပြောရက်သည်။ဖြစ်ချင်ရာဖြစ် ပစ်လိုက်ချင်သော်လည်း စောက်သုံးမကျသော နှလုံးသားကပစ်ခွင့်မပေးသဖြင့် ထိုသေနတ်ကို ကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီး သခင်လေးပခုံးနှစ်ဖက်ကို ဆွဲကိုင်ရင်း စူးရဲနေသောထိုမျက်လုံးများကိုစိုက်ကြည့်ရင်း

"ကိုယ်Rayကလူဆိုတာနဲ့ပဲ ဘာမှမမေးမစမ်းဘဲရိုက်ရက်ရတာလဲ"

မျက်မှောင်ကုပ်ကာကြည့်လာသော သခင်လေးကြောင့် ပခုံးနှစ်ဖက်ကိုဆွဲခါရင်း

"ပြောစမ်း"

"ငါမင်းတို့အကြောင်း အဲ့လောက်ဆိုသိပြီးသား
မင်းအဖေလွှတ်လို့မင်းလာတာမဟုတ်ဘူးလား
အဲ့တစ်ခုပဲမင်းဖြေလိုက် ဟုတ္တယ္မလား
မင်းအဖေခိုင်းတာဆိုတာမသိရလောက်အောင် ငါ အေမနနဘူး"

No one but you(OR)The Mafia Guys[completed]Where stories live. Discover now